Chapter 9

5.1K 833 40
                                    

|| Unicode ||

BMW ကားနက်တစ်စီးက ကျောက်စရစ်လမ်းမပေါ်ရှိ ချန်ဟွေ့မြို့တော်​၏ မြို့စွန်မြို့ဖျားအထိ မောင်းနှင်လာခဲ့သည်။ယင်းသည် မကြာသေးမှီနှစ်များမှ ဖွံ့ဖြိုးခဲ့ပါတဲ့ မင်းမျိုးမင်းစိုးများ နေထိုင်ရာ အရပ်ဖြစ်သည်။ နှင်းဖြူရောင် ခြံစည်းရိုးသည်ကား ကျူးလစ်ပန်းပင် ဥယျာဉ်းဖြင့် ကာရံထားပြီး အလယ်၌ လုမိသားစု​၏ အိမ်တော်အား ဝိုင်းပတ်ရံထားသည်။

အဆောက်အဦး​၏ စတိုင်မှာ စွမ်းအင်သုံးစွဲခြင်းကို အလွန်အကျွံ လျော့ချထားပြီး အတွင်းဘက် ကောင်းမွန်တဲ့ အပူချိန်ကိုထိန်းသိမ်းရန် စွမ်းရည်မြင့် အပြင်ပန်း နံရံတစ်ခုဖြင့် တပ်ဆင်ထားသည်။

ရန်ရိသည်ကား Passenger ခုံမှာပဲ ခွေနေသည့်နှယ် စိုးရိမ်တကြီးဒူးကိုပိုက်လျက်ရှိနေပြီး အားနည်းနေတဲ့ ကိုယ်လေးကထောင့်တစ်နေရာကိုတိုးကပ်ထားလေသည်။ ထင်းရှူးတောတစ်တော သူ့မျက်စိရှေ့မှာ ပေါ်လာသည်နှင့် ထင်းရှူးပင်တွေကို ဖုံးသွားသည့် ဖုန်တစ်လွှာကိုသာ မြင်လိုက်ရပြီး ပါးလျလျ ပင့်ကူမျှင်တန်းတွေက ဥရောပစတိုင် ခြံစည်းရိုးအဖြူကိုအလှဆင်ထားလေသည်။

​ကားဖြတ်လာခိုက် ရုတ်တရက်ဆိုသလို ပြုတ်ကျလာတဲ့ ထင်းရှူချောင်းတစ်ချောင်းက မျက်နှာချင်းဆိုင် လေကာမှန်ပေါ်ကိုကျလာခဲ့​၏။

ဤ ကြည်လင်အေးချမ်းသောကမ္ဘာ၌ အဆင်မပြေခြင်းအားလုံးမှာ ရန်ရိရဲ့ မျက်လုံးလေးတွေထဲမှာ အဆမတန်ချဲ့ကားလာခဲ့လေသည်။ အသက်ကို အလောတကြီးရှူရင်း ဘယ်ဘက်လက်ကို ကိုင်ထားဆဲ ဖြစ်ရာ ခပ်ထုံထုံ နာကျင်မှုကို ခံစားရသည်။ ဂေဟာနဲ့ နီးကပ်လာလေလေ၊ သူ့ရင်ဘတ်ထဲမှာ တစ်ဆို့လာရတဲ့ ဖိနှိပ်ခံရသည့် ခံစားချက်က ပို ကြီးထွားလာလေလေပင်။

လုရှန့်ကျင်ကတော့ ရန်ရိ​၏ ပုံမှန်မဟုတ်သော တုံ့ပြန်ချက်တွေကို သတိမထားမိသလို ရန်ရိကိုလဲ အာရုံစိုက်မနေပါချေ။

ရန်ရိက ဂရုတစိုက်လေး သူ့အိတ်ထဲမှ Timothyမြက်ခြောက်လက်တစ်ဆုပ်စာလောက်ကို ထုတ်ပြီး နည်းနည်းချင်းလေးစားနေလိုက်သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now