Chapter 19

5.6K 922 56
                                    

|| Unicode ||

လုရှန့်ကျင်ဟာ တံခါးနားမှာ ဆယ်စက္ကန့်ခန့် ရပ်နေရင်း ဗလာကျင်းစွာ ကြည့်နေမိသည်။ သူ့ဦးရေပြားမှာ မိုးကြိုးပစ်ခံလိုက်ရသလို ပေါက်ကွဲသွားပြီး ခါးသက်သက် အေးစိမ့်ခြင်းမျိူးက သူ့ရဲ့ ခြေလက်နဲ့ အရိုးတွေထဲကို ချက်ချင်း တိုးဝင်လို့လာသည်။

သူ အမြန်ပြေးသွား၍ ယဲ့ဝမ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရာ ကြမ်းပြင်တစ်ခုလုံး သွေးတွေက စီးယိုကျလျက်။ ယင်းမှာသွေးညှိနံ့ပြင်းပြင်းကြီး မဟုတ်ပါဘဲ လီလီ Pheromone ရနံ့ခပ်ဖျော့ဖျော့နှင့် ရောထွေးနေသည် ; ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ခဲ့တဲ့ ကိုယ်နွေးနွေးလေးက လုရှန့်ကျင်ကို နှစ်သိမ့်နေသယောင်။ ယဲ့ဝမ်ရဲ့ လက်တွေအစား သူက မျက်နှာကို ထိလိုက်သည်။

"... ဖေ...ဖေဖေ...ဖေဖေ..." လုရှန့်ကျင်ဟာ ငှက်မွေးလေးလို ​ပေါ့ရွှတ်နေသော သူ့ရင်ခွင်တွင်းမှ အပူချိန်ဟာ သုညအထိတဖြည်းဖြည်းလျော့ကျသွားတာကို ခံစားနေရသည်။ မီးစာကုန်ခန်းသွားကာ မီးခွက်ခြောက်သွေ့သွားရတဲ့ ဘဝက သဲနာရီထဲမှ နောက်ဆုံး အစက်လေးတစ်ခုနှယ် ချန်ထားခဲ့ပေမယ့် နောက်ဘယ်တော့မှ ပြန်မရနိုင်မှာမဟုတ်ပေ။

သူ ယဲ့ဝမ်ကို သယ်ထုတ်ပြီး မြေအောက်ခန်းထဲက ပြေးထွက်ကာ ဒီကြောက်စရာကောင်းတဲ့ ငရဲကြီးကနေလွတ်မြောက်အောင် ခေါ်သွားချင်ပေမယ့် သူ့လည်ပင်းတွေက စတီိးလော့ခ်ဖြင့် နှောင်ထားခံထားရ​၏။ လုလင်း အသံနဲ့ Password ကို မဖွင့်နိုင်လျှင် လော့ပြေမှာ မဟုတ်ပေ။ တစ်ခါတုန်းက သူ လုလင်းရဲ့ အသံကို အသံသွင်းထားရန် မရေမတွက်နိုင်အောင်ကြိုးစားခဲ့ဖူးပေမယ့် အားလုံး ကျရှူံးခဲ့ရသည်သာ။

ယဲ့ဝမ် ဗိုက်ထဲက ကလေးမှာ လစေ့နေပြီဖြစ်ပြီး ရက်အနည်းငယ်အတွင်း မွေးတော့မည်ဖြစ်သည်။

ဘဝတစ်ခုရဲ့ အရိပ်အယောင်လေးကို ကယ်တင်နိုင်ဖို့မျှော်လင့်ချက် ရှိသေး​၏...

သွေးအိုင်ထဲမှာ ကူကယ်ရာမဲ့စွာ ဒူးထောက်လျက် လုရှန့်ကျင်မှာ ဒေါသထွက်လွန်းလို့ မျက်လုံးအိမ်တို့ပင် ကွဲထွက်လုမတတ်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now