Chapter 79

4.8K 756 21
                                    

『Unicode』

ကောင်းတယ်?

စကားလုံးတို့က လည်ချောင်းမှာ သောင်တင်နေခဲ့သောကြောင့် လုရှန့်ကျင် အတော်ကြာအောင်ပင် ထိထားလိုက်မိသည်။ထို့နောက် သူက ရန်ရိဆီကို စောင်တစ်ထည်ယူလာပေးပြီး ချွေးသိပ်pheromoneစုစည်းမှုက တဖြည်းဖြည်းအားလျော့သွားကာ တဖြည်းဖြည်း ထုတ်တာကို ရပ်လိုက်တော့သည်။

သူ့မျက်လုံးတွေက အနည်းငယ် ပြာဝေသွားရ​၏။ သူ ကျောင်းတက်တုန်းက အချိန်ကို ယောင်ဝါးဝါးဖြင့် အမြဲတမ်းအမှတ်ရမိခဲ့သည်။ သူ့အသက်၊အဆင့်တို့နှင့်ဆို သူက အထူးအထက်တန်းစားကျောင်းမှာ အကောင်းဆုံးဖြစ်နေဆဲ။

ပထမနှစ်ဝက်၌ သူဟာ ဘာသာရပ်ခြောက်ခုမှာ Sအဆင့်ရခဲ့ပြီး အကဲဖြတ်အဆင့်အားလုံးမှာ Sအဆင့်ရသည်ပင်။ ကလေးတွေက ဘယ်လောက်ပဲ မာနကြီးပြီး တစ်ထီိးတည်းနေတတ်ပါစေ သူတို့တွေ အဆင့်ကောင်းကောင်းရတဲ့အခါ အမြဲတမ်းမိဘတွေကို ပြချင်လေ့ရှိကြသည်လေ။

လုရှန့်ကျင်ဟာ ပညာရေးမှတ်တမ်းကို အမှုမဲ့အမှတ်မဲ့ဖြင့် စားပွဲပေါ်မှာ ပြုတ်ကျသယောင်ဆောင်လိုက်သည်။ ပြီးလျှင်စာဖတ်နေရင်း မျက်လုံးထောင့်ကပ်ကာ လုလင်းမျက်လုံးတွေကို စောင့်မျှော်နေခဲ့၏။

လုလင်းကတော့ စားပွဲပေါ်က အထွေထွေအစီရင်ခံစာကို တစ်ချက်ပဲကြည့်လာပြီး M2အဆင့်ကို ကျော်ဖြတ်နိုင်ရန် ကွဲထွက်လေ့ကျင့်ရေးလုပ်ဖို့ ပြောလာခဲ့သည်။

ထိုနေ့၌ လုရှန့်ကျင်ဟာ သူ့ကို အတိုက်အခံလုပ်လာပြန်ပြီး လုလင်းကလဲ J1အဆင့် Alphaပဲမဟုတ်ဘူးလားလို့ အေးစက်စွာမေးပစ်လိုက်သည်။ ဘယ်လိုအရည်အချင်းမျိူးတွေရှိလို့ သားဖြစ်သူကို A3ရောက်အောင် တောင်းဆိုနေရသလဲ။ သူ နဂါးတစ်ကောင်ဖြစ်လာရမယ်ဆိုရင်တောင် မျှော်လင့်ထားတာမှာ ကန့်သတ်ချက်တစ်ခုရှိရမည်လေ။

လုလင်းက သူ့ကို ရိုက်ခဲ,ပေမယ့် ထိုနေ့က သက်တော်စောင့် ဆယ်ယောက်ကျော်ရှေ့မှာ သူ့ကို ရိုက်ခဲ့သည်။ ပြီးလျှင် သူ့ကိုထွက်သွားခိုင်းပြီး သူ့ရှေ့မှာ ရွံစရာဒက်ဖဒိလ်ရနံ့တွေ မပျံ့စေဖို့ ပြောခဲ့ချေ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now