Chapter 80

6.1K 734 25
                                    

|| Unicode ||

လုရှန့်ကျင်က သူ့ကို လာခွင့်မပေးပေ။ ဖေးယင်းအုပ်စုရဲ့ဥက္ကဋ္ဌဟာ ပန်းအိုးကိုယူ၍ အသက်ကိုရှုထုတ်လိုက်​၏။ ဖန်စတွေကို ကောက်ဖို့ သူ မြေပြင်မှာ ထိုင်ချရပေဦးမည်။ ယင်းက သူ ပန်းအိုးအတွက် စိတ်မကောင်းသလိုခံစားမိလို့မဟုတ်၊ဖန်ကွဲတွေက သူ့နှလုံးသားလေးရဲ့ ခြေထောက်ကို စူးမှာကြောက်လို့ပင်။

သူဟာ ဒီပန်းစည်းအကြောင်းကိုလဲ မပြောချင်သလို ဒီအိမ်မှာ တခြားယောက်ျားတစ်ယောက်ရဲ့နာမည်ကိုလဲ ပေါ်မလာစေချင်ပါ။ သူသာလျှင် ယုန်ကလေး စိတ်ထဲထားမယ့် တစ်ဦးတည်းသော Alphaဖြစ်သင့်ပြီး သူကလဲသူ့ပိုင်နက်ကို တင်းကျပ်စွာ ဝန်းရံထားမည်။

အရင်တုန်းက လုလင်း စားပွဲပေါ်မှာပယ်ချထားခဲ့သော ပညာရေးမှတ်တမ်းကို ရန်ရိက ကောက်ယူခဲ့သည်။ သူက နားရွက်လေးတွေ ထောင်လျက် သူ့ရှေ့ကိုခုန်ပေါက်လာပြီး ပညာရေးမှတ်တမ်းအား ဘုရားအမွေအနှစ်တစ်ခုလို သူ့ရှေ့မှာ သေချာလေး ပြန့်ပြန့်ရန့်ရန့်ဖြစ်စေ​၏။ မျက်နှာလေးက အံ့ဩ လေးစားခြင်းများဖြင့်ပင်။

ယုန်ကလေးသည် ကောကောက ပညာရှင်လို့ ပြောခဲ့ပြီး မြန်မြန်ပင် ပညာရေးမှတ်တမ်းကို သူအိပ်တဲ့ဗီရိုထဲမှာ ကပ်လိုက်​၏။ ပြီးလျှင် သူက မိဘလက်မှတ်ဇယားကွက်​၏ အလျားလိုက်မျဉ်းပေါ်မှာ ဖောင်တိန်အနိီလေးဖြင့် ပန်းပွင့်လေးသုံးပွင့်ဆွဲလိုက်သည်။

ထိုစဉ်က လုရှန့်ကျင်​၏ မျက်နှာမှာ အေးစက်မောက်မာသည့်အသွင်မျိုး ရှိနေသေးသည့်တိုင် မာနကြီးသည့်မျက်ဝန်းတို့ကတော့ သူရှိသင့်တဲ့ ကလေးအရွယ်ကို ပြန်ရောက်သွားပြီပင်။ သူက ရန်ရိကို ဈေးကြီးသည့်ရေခဲမုန့်စားခွင့်ပြုခဲ့​ပြီး သူ့ထက် ပုသော ယုန်ကလေးကို ကြည့်ရင်း တင်းတိမ်ရောင့်ရဲစွာ မျက်လုံးတွေမှေးစင်းသွားခဲ့သည်။ သူက ရန်ရိနှုတ်ခမ်းထောင့်က ရေခဲမုန့်တွေကိုသုတ်ပေးပြီး ထုံးစံအတိုင်း သူ့ပါးစပ်ဖြင့်သပ်လိုက်​၏။

ထိုအသက်အရွယ်တွင် လုရှန့်ကျင်သည် ချီးမွမ်းခြင်းနောက်ကွယ်ရှိ မြှောက်လုံးပင့်လုံး နှင့် စိတ်ရင်းမှန်တို့ကို မြင်နိုင်နေပြီဖြစ်သည်။ သူ အဆင့်ကောင်းကောင်းရတိုင်း လူတစ်ယောက်တည်းကသာသူ့အတွက် လက်ခုပ်တီးအားပေးခဲ့ပြီး လုရှန့်ကျင်ကလဲ ပရိတ်သတ်အဖြစ် သူတစ်ယောက်တည်းကိုသာ လိုအပ်ခဲ့လေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now