Never (ဘယ်တော့မှ) - Zawgyi 2

424 10 0
                                    

ရှောင်းကျန့် အသက် ၁၀ နှစ်...... သူ့အစ်မ ရှောင်းရှင်းလီ အသက်(၁၂)နှစ်

" ရှင်းလီ နဲ့ ကျန့်ကျန့်ရေ မားမားကို ဒါလေးကူပြီး ငါးဆင့်ချိုင့်လေးနဲ့ လမ်းထိပ်က Seafood House ဆိုတဲ့  စားသောက်ဆိုင်က ဟင်းလေးတွေ သွားယူပေးပါဦး မားသူငယ်ချင်းက ကုန်းသတ္တဝါ မစားလို့ မားမားချက်ထားတာအားလုံး ကြက်ဝက်တွေ ဖြစ်နေလို့ မား ဆိုင်ကိုဖုန်းဆက်ထားပြီးပြီ မားမားသူငယ်ချင်းက တစ်ယောက်တည်းဆိုတော့ သူစားလို့ပိုရင် ကျန့်ကျန့် နဲ့ ရှင်းလီလေးအတွက် သွားယူခ အနေနဲ့ ပိုတာတွေ စားခွင့်ပေးမယ်လေ နော်"

ဆိုင်းမဆင့်ဘုံမဆင့် သူငယ်ချင်းကို နေ့လည်စာကောင်းကောင်းလေး ကျွေးချင်တာမို့ ပိတ်ရက်ဆိုပေမယ့် သူ့ပါးပါးနဲ့ အကြီးမ ၃ယောက်က အလုပ်ထဲပါသွားလို့ သူတို့နှစ်ယောက်ကို ခိုင်းလိုက်ရတာ မသွားချင်မှာစိုးလို့ မက်လုံးကပေးလိုက်ရသေးတယ်

ဆိုင်ရောက်တော့ Seafood စားသောက်ဆိုင်ဆိုတော့ အနံတွေနဲ့ မွှေးကြိုင်ပြီး ရှင်းလီရော ရှောင်းကျန့်ရော ဗိုက်ဆာလာပါတယ် ဝယ်လာတဲ့ဟင်းတွေကလည်း သူတို့မောင်နှမ အကြိုက်တွေချည်းပဲ ပုဇွန်ချိုချဉ်၊ ပြည်ကြီးငါး ကုန်းဘောင်၊ ဂဏန်းလက်မအသားကြီးပဲကို ချဉ်စပ်မွှေးမွှေးလေး ၊ ငါးအချောင်းကြော် နဲ့ ပင်လယ်စာတုံယမ်းဟင်းရည် ကောင်းမှကောင်းပဲ မားမား ဖုန်းဆက်ထားတာမို့ ဆိုင်ရောက်တာနဲ့ ဘာမှတောင် ပြောစရာမလိုဘူး ရှောင်းအိမ်က လွှတ်လိုက်တာလို့ပြောတာနဲ့ ချိုင့်ထဲ တန်းထဲပေးလိုက်တာပဲ

မောင်နှမနှစ်ယောက် ချိုင့်လေးဆွဲပြီး အိမ်အပြန်လမ်းမှာ အရိပ်ရသစ်ပင်ကြီးအောက် က အုတ်ခုံလေးပေါ် ခဏဝင်ထိုင်လိုက်တဲ့ တစ်ခဏ

"ရှင်းလီကျဲ မားက ပိုတာတွေ ကျန့်ကျန့်တို့ကို ကျွေးမယ်ပြောတယ် အခုဗိုက်နည်းနည်းစာလို့ ကျန့်ကျန့် နည်းနည်းမြည်းဦးမယ် ပြန်မတိုင်နဲ့နော်"

ပြောပြောဆိုဆို တစ်ခါတည်း ရှောင်းကျန့်က အုတ်ခုံလေးပေါ် ချိုင့်ဖွင့်လို့ ငါးအချောင်းကြော် နှိုက်စားလိုက်ပါတယ်

"အယ် ကျန့်ကျန့် မတရားမလုပ်နဲ့ ငါလည်းတစ်ခုစားမယ်"

"ရှင်းလီကျဲရဲ့ ငါးအချောင်းကြော်က ကျန့်ကျန့်ထက် ပိုများတယ် မရဘူး ကျန့်ကျန့် နောက်တစ်ခု စားမှာ"

NeverWhere stories live. Discover now