Never (ဘယ်တော့မှ) - Zawgyi 4

234 6 0
                                    

ကျွန်တော် နဲ့ ဟောက်ရွှမ်းအတူတူ ပေကျင်းကို ရောက်လာခဲ့ပြီး ကျောင်းတက်တာ အားလုံးက အဆင်ပြေပါတယ် တက္ကသိုလ် နဲ့ ကွန်ဒိုနဲ့ လည်းနီးတော့ သွားရေးလာရေးလည်း အဆင်ပြေတယ်

မားမား ရွေးထားပေးတဲ့ နေရာက အချက်အခြာကျတော့ ဘာလိုလို လွယ်လွယ်ကူကူရတယ် အဆင်ပြေတယ် Sport Club ကလည်း ပေကျင်းမှာ နာမည်အကြီးဆုံး Martial Art Sport Club ဆိုတော့ အရမ်းအဆင့်မြင့်ပြီး Training ပေးတာလည်း အရမ်းအဆင့်မြင့်ပြီး
ကောင်းပါတယ် လက်ဝှေ့၊ ကာရာတေး၊ တိုက်ကွမ်ဒို၊ ဂျူဒို အစရှိတဲ့ ကိုယ်ခံပညာအားလုံးအတွက် တနေရာတည်းမှာ စုထားတဲ့ training club မို့ ရှစ်ထပ်အဆောက်အဦးမှာ တစ်ထပ်ကို တစ်မျိုးစီမို့ ဟောက်ရွှမ်းနဲ့အတူတူ လာလေ့ကျင့်လို့ရပါတယ်

သူတို့ ကာရာတေးဒိုက လေးထပ်မှာ ရိပေါ်တို့ လက်ဝှေ့က ပထမထပ်မှာပါ အခုတော့ ရိပေါ်ရဲ့ သတ်မှတ်ထားတဲ့ လှေနံနှစ်ဖက်မနင်းရဆိုတဲံ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ရိုးသားတဲ့ လက်ဝှေ့ထိုးဖော် ထိုးဖက် သူငယ်ချင်းတစ်ယောက်လည်း ရနေပါပြီ သူ့နာမည်က ယွီပင်းတဲ့ သူပြောပြပုံအရဆိုရင် ဒီClubမှာ လက်ရှိ နာမည်ကြီး လက်ဝှေ့ချန်ပီယံတွေတောင် အမြဲမလာရင်တောင် weekendတွေမှာ လာလေ့ကျင့်လေ့ရှိပါတယ် ရိပေါ်ကတော့ ခုချိန်ထိတစ်ခါမှ ချန်ပီယံတွေကို အပြင်မှာ မမြင်ဖူးသေးပါဘူး မမြင်ဖူးရတဲ့အကြောင်းရင်းကလည်း ရိပေါ်က အတန်းချိန်လွတ်တဲ့ ညနေပိုင်းပဲ လာကစားဖြစ်ပြီး စနေတနင်္ဂနွေဆိုရင် မိုးလင်းမိုးချုပ်အကသင်တန်းပဲ သွားဖြစ်နေတာကြောင့်ပါ

ဘယ်လိုဖြစ်မှန်း မသိပါဘူး ပေကျင်းရောက်မှ အကကို တော်တော်လေး မျက်စိကျနေတာ ကနေရရင်ကို ပျော်နေရော
ရိပေါ် Joinဖြစ်တာ Hello Dance ဆိုတဲ့ သင်တန်းကျောင်းက ပေကျင်းမှာ တော်တော်လေး နာမည်ရတာမို့ Entertainmentတွေက စီစဉ်တဲ့ Show ပွဲတွေမှာ idolတွေအတွက် Backup Dancer အနေနဲ့ Hello Danceက တော်တော်များများ လိုက်ကလေ့ရှိတာမို့ ရိပေါ်တောင် တစ်နှစ်အတွင်းမှာ လေးခါလောက်ရှိပြီ အတွေ့အကြုံရအောင် Backup Dancer အနေနဲ့ လိုက်ကဖြစ်တာ ဒါကြောင့်မို့ ထင်ပါတယ် အက ကို ပိုပြီး ဝါသနာပါလာတာ

အရာအားလုံးက အေးအေးဆေးဆေးနဲ့ ပုံမှန်အတိုင်း ဖြတ်သန်းလာပြီး ပေကျင်းမှာ လာနေတာ အခု ပထမနှစ်တောင် ပြီးလို့
ဒုတိယနှစ်တောင် ရောက်ပြီ ခုလိုပဲ အေးအေးဆေးဆေးနဲ့ ဘွဲ့ရတဲ့အထိ ခုလိုလေးနေနိုင်မယ်လို့ ထင်ခဲ့တာ......
အခြေအနေတွေက ရုတ်တရက်ပြောင်းသွားခဲ့တယ်

NeverWhere stories live. Discover now