Never (ဘယ်တော့မှ) - 8

430 31 0
                                    

ရှောင်းကျန့် စိတ်ကောက်တာ ဒီတစ်ခါတော့ တစ်ဖက်သက်ကောက်ကြီး ဖြစ်ပြီနဲ့တူပါတယ်
နည်းနည်းလေး အကူအညီတောင်းပြီး ကိုယ့်ချစ်သူလို့ မိတ်ဆက်ပေးမိတာလေးကို ကိုယ့်ကို နှာခေါင်းသွေးထွက်အောင် ထိုးသွားတာမို့
ရှောင်းကျန့် စိတ်အကြီးကြီးကောက်နေပြီး ကွန်ဒိုကနေ ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေတာ တစ်ပတ်တောင်ရှိတော့မယ်

သောကြာနေ့က ပြဿနာတက်ပြီး စနေ တနင်္ဂနွေနေ့တွေလည်း တစ်ယောက်တည်း တွေးတွေးပြီး ကိုယ့်အတွက်ကိုယ် စိတ်မကောင်းဖြစ်လိုက် ဝမ်ရိပေါ်ကို ဒေါသထွက်လိုက် စိတ်ကောက်လိုက် ဖြစ်နေတာပါ တနင်္လာနေ့လည်း စိတ်ထဲမပြေသေးတာမို့ မသွားဘူးကွာ မသွားဘူး ဆိုပြီး တစ်ယောက်တည်းပေကပ်ပြီးတော့ အိမ်ထဲမှာ စားလိုက်သောက်လိုက်ပေါ့ ကိုယ်တိုင်လည်း ချက်စားသလို Dilivery နဲ့ စားချင်တာမှာ စားလို့ နည်းနည်းတောင် Weightတက်လာတယ်

"ငါ တစ်ပတ်လောက် Trainingမဆင်းပဲကိုနေပစ်မယ် မဟုတ်ဘူး ဝမ်ရိပေါ် ပြန်လာ မချော့မချင်း Trainingမဆင်းဘူး"

လို့တွေးထားပြီးသား ဒီလိုနေ့ ဗုဒ္ဓဟူးနေ့ညသာ ရောက်သွားတယ် ကိုယ်တော်ချောလေးက ဘာမှ မဆက်သွယ်လာတော့ ထိုင်ရခက် စိတ်တွေဂယောက်ဂယက်ပေါ့ အစကတော့ မိုးလားကဲလားနဲ့ သူခင်မှ ကိုယ်လည်းခင်တော့မှ သူဘက်က ကိုယ့်ကို မခင်ရင် ကိုယ်လည်း နည်းနည်းတောင် မခင်တော့ဘူး လုံးဝ Clubကိုမသွားဘူး Trainingမဆင်းဘူးလို့ ဆုံးဖြတ်ထားပေမယ့် နောက်ဆုံးတော့   

"အာ ....အဲဒီကလေးက အနေအေးတာကိုး ငါဘက်ကအရင်စပြီး သူမကြိုက်တာ သွားလုပ်မိတာကိုး ငါကပဲ လွန်တာပါလေ သူက ပြန်ချော့ချင်ပေမယ့် ဖုန်းနံပါတ်မှ မသိတာ သိအောင် စုံစမ်းဖို့ဆိုတာကလည်း အနေအေးတဲ့သူ ဆိုတော့ ဘယ်သိပါ့မလဲ ငါက Clubပြန်သွားလိုက်ရင် သူက ပြန်ခေါ်ချင်ခေါ်မှာပေါ့ တော်ကြာနေ သူကလည်း စိတ်ကောက်နေတာဆိုရင် သူကောက်ကိုယ်ကောက် နဲ့ ပြီးတော့မှ မဟုတ်ဘူး
အဟမ်း အဟမ်း သူကောက်လည်း ကိုယ်ကစချော့ ကိုယ်ကောက်လည်း ကိုယ်ဖာသာကိုယ်စချော့ဆိုတဲ့ မူကို ကျင့်သုံးပြီး ငါက အကြီးပဲ အလျော့ပေးတဲ့အနေနဲ့ ပြန်ချော့ပေးလိုက်ပါမယ်"

NeverWhere stories live. Discover now