Never (ဘယ်တော့မှ) - Zawgyi 29

178 3 0
                                    


ရှောင်းကျန့် စီစဉ်ထားတဲ့အတိုင်း ဖြည်းဖြည်းချင်းစီတော့ အဆင့်တက်နေပါတယ် Neverလေးကိုလည်း ရိပေါ်လေးက ချစ်ချစ်ခင်ခင် ရှိနေပါတယ် အခုလို Neverလေးနဲ့ ရိပေါ်လေး ဆက်ဆံရေးကောင်းမွန်နေသလောက် ရှောင်းကျန့်ကိုတော့ Brother Zoneထဲသွင်းထားတာပါ လူလွတ်မှန်း သိသိကြီးနဲ့ကို ရှေ့တိုးလာတာမျိုးလုံးဝမရှိတာမို့ ရှောင်းကျန့်ဘက်ကနေ နောက်တစ်ဆင့်တက်ဖို့ စဉ်းစားလိုက်ပါတယ်

ဒါကြောင့် မသိမသာ စကားလမ်းကြောင်းတဲ့အနေနဲ့

"ရိပေါ် ငါ့ကိုအခု အိမ်က ဝိုင်းထိန်းပေးကြလို့သာ ငါခံသာနေတာ Neverလေးကို ငါတစ်ယောက်တည်း ပျိုးထောင်ရတာ သိပ်ပင်ပန်းတာပါ တကယ်ဆို ကလေးတစ်ယောက်ကို တူတူပျိုးထောင်ပေးမှ ကလေးက ပိုပြီးစိတ်ပိုင်းဆိုင်ရာလုံခြုံမှုရမယ်ထင်တယ် ဒါကြောင့် ငါ Neverလေးကို မာမီ အသစ်တစ်ယောက်ရှာပေးရရင် ကောင်းမလားလို့"

ရှောင်းကျန့် စကားစလိုက်တာနဲ့ ရိပေါ်က တကယ့်ကို ခါးခါးသီးသီးနဲ့

" မရဘူး ...မကောင်းဘူး .....လုံးဝမကောင်းဘူး ကျန့်ကော လျောက်မစဉ်းစားနဲ့ ကျွန်တော်က Broken Familyကလာတာမို့ ကလေးရဲ့ခံစားချက်ကို ပိုသိတယ် ဒါကြောင့် မာမီအသစ်ရှာပေးဖို့ လုံးဝစိတ်မကူးနဲ့ သိပ်ပင်ပန်းရင် ကျွန်တော် ဝိုင်းကူထိန်းပေးမယ် မပူနဲ့ နောက်ပြီး 
ကျွန်တော့်အလုပ် တွေ လက်ခံထားတာများလို့ ကျန့်ကောတို့ပါ အတူတူ ပင်ပန်းနေတာဆိုရင် ကျွန်တော် နောက်ထပ်အလုပ်တွေ လျော့ပေးပါမယ်"

"အာ အဲလိုမဟုတ်ဘူး မင်းအလုပ်တွေ မလျော့ပါနဲ့ ဆက်လုပ် ငါ .... အားပေးနေမယ် မာမီအသစ် မရှာနဲ့ဆိုရင် မရှာတော့ဘူး ဟုတ်ပြီလား မင်းသာ ဝိုင်းကူထိန်းပေးမယ်ဆိုပြီးတာပဲ"

ရိပေါ်ရဲ့ စကားအရ ရှောင်းကျန့် အခြေအနေကောင်းသားပဲ မာမီအသစ်ဆိုတာနဲ့  ရိပေါ်ကို အထိတ်တလန့်ကို ဖြစ်သွားတာလေ စိတ်မပူပါနဲ့ ရိပေါ် ငါက မာမီအသစ်ရှာပေးမှာမဟုတ်ဘူး Daddyရှာပေးမလို့ ဆိုတာကိုတော့ စိတ်ထဲကပဲ ပြောလိုက်ပါတယ်

ရှောင်းကျန့်စကား ကြောင့် ထင်ပါတယ် သိပ်အလုပ်မရှိဘဲ YHမှာတင် Practice လုပ်ရမယ့်ရက်ဆိုရင် ကျန့်ကော Neverလေးခေါ်လာဦးနော်ဆိုပြီး သူကိုယ်တိုင် ကလေးကို ရှာတတ်နေပါပြီ သူ့လေ့ကျင့်ရေးအခန်းထဲမှာလည်း ကလေးကစားစရာတွေရော ထည့်ထားပေးတတ်ပါတယ် ကလေးစကိတ်လေးလည်း ဝယ်ထားပေးပါတယ် ကလေးကို စကိတ်ပေါ်တင်ပြီးလည်း စီးပေးတတ်သလို ကလေးကို လက်ကလေးကိုင်ပြီး လည်း စကိတ်စီး သင်ပေးတာမျိုးတွေလည်း လုပ်လေ့ရှိပါတယ် Never လေး အကြိုက်ပေါ့ ကျန်တဲ့သူ ချီရင် ခဏပဲနေပြီး အောက် အောက် ဆိုပြီးလက်ညှိုးထိုးချခိုင်းတတ်တဲ့ကလေးက ရိပေါ်ဆိုရင် ပေါ်..... ပေါ်.....ချီ......ချီ ဆိုပြီး ချီခိုင်းထားတတ်ပါတယ် ပြီးရင် မဆင်းတော့ဘူး ကျန်တဲ့သူလာခေါ်ရင် လိုက်မလိုလို လုပ်ပြီး နောက်ဆုံး ရိပေါ်လည်ပင်းကိုပဲ ဆက်ခနဲ ပြန်ဖက်ထားပြီး လာခေါ်တဲ့သူကိုလည်း စတတ်ပါသေးတယ်

NeverWhere stories live. Discover now