Never (ဘယ်တော့မှ) - Zawgyi 21

142 2 0
                                    

မိန်ကျားရွာလေးကနေ ဟောက်ရွှမ်းတို့ မင်္ဂလာဆောင်ပြီး ပေကျင်းကို ပြန်ရောက်တဲ့အချိန် ကျိရန် က အိမ်မပြန်တော့ဘဲ သူတို့အိမ်ကို
မင်္ဂလာဆောင်တုန်းက ဓါတ်ပုံတွေကိုပဲ ပို့လိုက်တာ အိမ်က အရမ်းဒေါသတွေထွက်ပြီး ကျိရန်ကို အမွေပြတ်စွန့်လွှတ်လိုက်တာပါ ဘာကိစ္စ ရှိရှိ မိဘသေရင်တောင် ပြန်မလာနဲ့ မင်းလိုသားမျိုး မမွေးခဲ့ဘူးလို့ သတ်မှတ်လိုက်ပြီဆိုတဲ့အကြောင်းကို အဒေါ်တစ်ယောက်နဲ့ ဖုန်းဆက်ပြောတာပါ

ဟောက်ရွှမ်းတို့အိမ်ကတော့ သားမင်္ဂလာဆောင်တာတောင် မိဘတွေက မသိရတာမို့ စိတ်မကောင်းတဲ့အကြောင်း အပါးကို ကြောက် လို့ မပြောရဲရင်တောင် မားက သူ့ကိုပြောရင် သူလက်ထပ်ပွဲ လာတက်ပေးမှာပေါ့ဆိုတဲ့အကြောင်း တော်သေးတာ မိန်ကျားရွာလေးမှာ လက်ထပ်တာမို့ မျက်နှာငယ်ရမှာမဟုတ်လို့တော်သေးတယ်ဆိုတဲ့အကြောင်း သူများသားသမီးကို ယူထားပြီးပြီမို့ စိတ်ချမ်းသာအောင်ထားရမယ်ဆိုတဲ့အကြောင်း စာမေးပွဲဖြေပြီးရင် အိမ်ပြန်လာခဲ့ ဆွေပြမျိုးပြလည်း ဖြစ်အောင်အိမ်ထောင် ဖက်ကို တင့်တောင်းတင့်တယ်ဖြစ်အောင် ကူမင်းမှာ ဧည့်ခံပွဲလေးတော့ ပြန်လုပ်ပေးမယ်ဆိုတဲ့အကြောင်း လိုအပ်ရင် ကျိရန်တို့အိမ်က ဒေါသပြေတဲ့အချိန် ပြန်အပ်ပေးမယ်ဆိုတဲ့အကြောင်း ဘာလုပ်လုပ်နားလည်ပေးနိုင်တာမို့ နောက်ခါ မိဘကို အရင်ပြောဖို့ မိဘတွေက ဖြည့်ဆည်းပေးမယ်ဆိုတဲ့အကြောင်းတွေကို ဟောက်ရွှမ်းအမေက ငိုပြီးပြောတာမို့ ဟောက်ရွှမ်းရော ကျိရန်ရော တောင်းပန်ပါတယ်မားမားဆိုပြီး ငိုကြတော့ ရိပေါ်တို့တောင် ဘေးကနားထောင်ပြီး လိုက်ငိုရသေးတယ်

ကိုယ်လိုချင်တဲ့ပုံစံမျိုးသွင်းလို့မရတဲ့ သားသမီးကို စွန့်ပစ်ရက်တဲ့မိဘတွေရှိသလို ဘယ်လိုနေနေ သားသမီးက သားသမီးဘဲလို့ သတ်မှတ်ပြီး အရှိကိုအရှိအတိုင်းလက်ခံတဲ့ မိဘတွေရှိနေသေးကြောင်းလည်း နားလည်လိုက်ရတယ်

မဟုတ်ရင်လည်း ရိပေါ်က ရှောင်းကျန့်ကွန်ဒိုမှာပဲ နေနေတာမို့ ဘာမှအားမနာဘဲ ကျိရန်ကို ဟောက်ရွှမ်းနဲ့အတူတူ ရိပေါ်တို့ တိုက်ခန်းလေးမှာ စိတ်လွတ် ကိုယ်လွတ်နေဖို့ အားပေးခဲ့ပြီး ရိပေါ်နဲ့ရှောင်းကျန့်လည်း ကိုယ့်အိမ်ကိုယ် ပြန်လာခဲ့လိုက်ကြပါတယ်

NeverWhere stories live. Discover now