Never (ဘယ်တော့မှ) - 13

379 30 0
                                    

အခု ကျွန်တော်နဲ့ ကျန့်ကော တွဲနေတာ ၄လ လောက်ရှိပါပြီ တနင်္လာ သောကြာဆိုရင် Clubမှာ အတူတူ Training တွေလုပ်တယ်
ဒါပေမယ့် တွဲနေတဲ့အကြောင်းတော့ ဘယ်သူ့ကိုမှ အသိမပေးခိုင်းပါဘူး ဟောက်ရွှမ်းတို့ကိုတော့ ပြောပြမယ်လေ ဆိုတာတောင် မပြောရဘူးတဲ့ နောက်ဆုံးမှ အံ့ဩသွားအောင် လုပ်ပြချင်တာရှိလို့ သူ့ကို ယုံရင် သူ့စကားအတိုင်း နားထောင်ပေးပါလို့ တောင်းဆိုထားတာမို့
ကျွန်တော်တို့ တွဲတာ ဘယ်သူမှတော့ မသိပါဘူး

စနေ-တနင်္ဂနွေဆိုရင်တော့ အကသင်တန်းကို ကျန့်ကောက လိုက်ပြီးအားပေးတာ စောင့်တာမျိုးတွေရှိပါတယ်
အတူတူ ကဖြစ်ကျတဲ့ Dancerတွေက တော့ ခဏခဏပါလာတာမို့ တွဲနေတာလားလို့ မေးရင် ကျွန်တော့်ဘက်ကတော့ သူ့ကို လက်တွဲဖော် အဖြစ် ရွေးချယ်ထားတာ သူကတော့ ကျွန်တော့်ကို ရွေးမရွေး မသေချာသေးဘူးလို့ ပဲ ပြောပြထားလိုက်ပါတယ် ကျန့်ကော စကားလည်း နားထောင်ပြီးသားလည်း ဖြစ်အောင် ကျွန်တော်လည်း ညာပြောတာမျိုး မဖြစ်ရအောင်လို့ပါ

ပထမဆုံး Dateဖြစ်တဲ့နေ့ကပဲ ကျန့်ကောဆီမှာ ညအိပ်ဖူးတာပါ နောက်ပိုင်းကျန့်ကောက သတိထားပြီး နေလာသလို ခံစားရပါတယ်
စနေ-တနင်္ဂနွေကလွဲရင် အိမ်ကို ဘယ်တော့မှ မလာခိုင်းပါဘူး   Exclusive Trainingလုပ်ပြီးတိုင်းတော့ တစ်မျိုးမဟုတ် တစ်မျိုး
Dateဖြစ်ကြပါတယ်

နှစ်ရက်မှာ တစ်ရက်က Outdoor Dateလို့ သတ်မှတ်ပြီး အတူတူ လျောက်လည်ကြတာမျိုး ညဈေးတန်းဖက် ထွက်လည် ထွက်စားတာမျိုး ရုပ်ရှင်ကြည့်တာမျိုး Shoppingလုပ်ကြတာမျိုးတွေ လုပ်ပါတယ် ထွက်လည်တိုင်းလည်း Couple ဝတ်စုံဖြစ်အောင် ကျန့်ကောက အဝတ်အစားကို စီစဉ်ထားတတ်ပါတယ် လက်အတူတူတွဲသွားတာမျိုး မထင်ရင် မထင်သလို ရုတ်တရက် Public Kissပေးလိုက်တာမျိုးတွေလည်း လုပ်ပါတယ် အဲလိုချိန်တွေဆို အမြဲပျော်စရာပေါ့

တစ်ရက်က Indoor Dateလို့ သတ်မှတ်ပြီး အိမ်မှာပဲ စိတ်အေး လက်အေး လွတ်လွတ်လပ်လပ် Date ကြတာပါ အဲဒီအချိန်က ကျွန်တော့်အတွက် စိတ်အလုပ်ရှားဆုံးအချိန်ပါပဲ တစ်ပတ်လုံး စိတ်နဲ့ပစ်မှား ထားသမျှကို လက်တွေ့ ပစ်မှားခွင့်ရလို့လေ အဲဒီအချိန်မှာ ကျွန်တော်ဘာပဲလုပ်လုပ် ကျန့်ကောက ခွင့်ပြုတယ် တစ်ခုပဲ အဆုံးထိ သွားခွင့်မပြုတာပါ

NeverWhere stories live. Discover now