Never (ဘယ်တော့မှ)- 10

424 28 1
                                    

ဟောက်ရွှမ်းက ကျိရန် ရဲ့ အတွဲတွေ ဖြစ်ပြီးနောက်ပိုင်း ဘက်ပဲ့နေခဲ့တဲ့ ရိပေါ်က ရှောင်းကျန့်နဲ့ တော်တော်လေး အဆင်ပြေနေပါတယ်
ခါတိုင်း စကားအများကြီး မပြောတတ်တဲ့သူက စကားတွေ အများကြီး ပြောနေတာမျိုး တခြားသူတွေနဲ့ ခပ်တည်တည်နေတတ်ပေမယ့်
ရှောင်းကျန့်နဲ့ဆိုရင် အလိုလိုပြုံးနေတာမျိုး ရှောင်းကျန့်နဲ့ဆိုရင် အရာရာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြစ်နေတာမျိုး သက်တောင့် သက်သာ အနေအထားကို ခံစားနေရတာမျိုးကြောင့် ခင်မင်မှုတွေက ပိုနက်ရှိုင်းလာခဲ့တာပါ

ဒါပေမယ့် ကျန့်ကောက အရမ်းအစ အနောက် သန်တယ် ရိပေါ်က တစ်ချိန်လုံး ခဏခဏခံရတယ် ခံရတိုင်းလည်း ရိပေါ် က နောက်ခါဘယ်တော့မှ မပတ်သတ်တော့ဘူးလို့ ဆုံးဖြတ်ပြီး တစ်ရက်နှစ်ရက်လောက် ခပ်တန်းတန်းဖြစ်သွားပြီး လက်ဝှေ့လေ့ကျင့်တာ အတူတူကျင့်ကြပေမယ့် သိပ်မခေါ်မပြော ဖြစ်တတ်ကြပေမယ့် နောက်ဆုံးတော့လည်း ရှောင်းကျန့်က ညာတေးပါတေးနဲ့လာ လာ စပြီးခေါ်လို့ ပြန်တည့်သွားကြတာပါပဲ

ဒီတစ်ခါကတော့ ည၁၀နာရီလောက်ကြီး ဖုန်းဆက်လာပြီး

"အား........ရိပေါ် ..ငါ ဗိုက်အရမ်းနာနေလို့ ......"

ဆိုပြီး ဖုန်းကျသွားတာပါ ပြန်ဆက်လည်း မကိုင်ခေါ်လို့မရနဲ့ ရိပေါ်မှာ အူးယားဖားယား ဖိနပ်တောင် ကျွဲတစ်ဖက်နွားတစ်ဖက်တွေ ဖြစ်ပြီး သူ့ကွန်ဒိုဆီ ပြေးရတာ ဟိုရောက်တော့ Passcode လေးနှိပ်ပြီး အိမ်ထဲကို စိုးရိမ်တကြီးနဲ့ အပြေးဝင် သွားမိတော့ ကိုယ်တော်ချောက အခန့်သား TV Drama ဇာတ်လမ်းတွေ တောင် ကြည့်နေသေးတာ

အထဲကို အူယားဖားယားရောက်လာတဲ့ ရိပေါ်ကို ကြည့်ပြီး တဟားဟားနဲ့တောင် ထိုင်ရီနေသေးတာ
အဲဒီတောမှ သူ့ကို တမင်တကာ စနောက်လိုက်တာမှန်းသိလို့ စိတ်ဆိုးလိုက်တာဆို ပြောမနေနဲ့ အရမ်းကို စိတ်ပူခဲ့တဲ့ကိုယ့် အကြောင်း ကိုယ်ပဲသိ တယ် သူတစ်ပါး ခံစားချက်တွေကို ကစားချင်တဲ့ ပျက်ရယ်ပြုချင်တဲ့ စိတ်ကို နားမလည်ဘူး ဒါမျိုးက စနောက်တာထက် လွန်သွားတာမို့ ရိပေါ် တော်တော် ဒေါသထွက်နေတာပါ ဒါပေမယ့် ဒေါသတွေအားလုံးမျိုချလိုက်ပြီး

NeverWhere stories live. Discover now