Never (ဘယ်တော့မှ) - Zawgyi 3

310 10 0
                                    

ကျွန်တော့် နာမည် ဝမ်ရိပေါ်ပါ ကျွန်တော်တို့ ရွာလေးက ကူမင်းကနေ မိုင်၈၀လောက်ဝေးတဲ့ တောင်ပေါ်ရွာလေးတစ်ခုပါ လူသိလည်းနည်းပေမယ့် အရမ်းလှ အရမ်းအေးချမ်းတဲ့ ရွာလေးပေါ့  အိမ်ခြေ၂၀၀လောက်ပဲရှိတဲ့ အဲဒီ ရွာလေးနာမည်က (没假- Méi jiǎ) မိန်ကျား လို့ခေါ်ပါတယ် အဓိပ္ပါယ်ကတော့ No Fake အတုအပမရှိလို့ အဓိပ္ပါယ်ရပါတယ် နာမည်လေးနဲ့လိုက်အောင် ကျွန်တော်တို့ရွာလေးက သဘာဝပတ်ဝန်းကျင်အေးချမ်းသာယာ လှပသလို ရွာမှာရှိတဲ့လူအားလုံးက ရိုးသားအေးချမ်းကြပြီး လိမ်ညာခြင်း လှည့်ဖျားခြင်း အယောင်ဆောင်ခြင်းလုံးဝ မရှိတဲ့ ရွာလေးပါ

ရွာကလူတွေ အကုန်လုံး ခံယူထားတာက ဘာလို့ပဲ ဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် လိမ်ညာတာ လှည့်ဖျားတာ လုံးဝ မလုပ်သင့်တဲ့လုပ်ရပ် အတုအပ ပစ္စည်း တွေဆိုတာ မသုံးသင့်တဲ့ ပစ္စည်းတွေလို့ ခံယူထားပြီး မလိမ်မညာတတ်တဲ့ရွာ အတုအပ ပစ္စည်းလုံးဝ မသုံးတဲ့ရွာလေးပါ အဲဒီ ရွာလေးမှာ ကျွန်တော်ငယ်ငယ်ကတည်း မားမား လျှိုဖေးဖေး နဲ့ အမေတစ်ခု သားတစ်ခု နေလာတာမို့ ကျွန်တော်လည်း လိမ်ညာတာ လှည့်ဖျားတာ တွေကို မကြိုက်တဲ့သူတစ်ယောက်ပါ

ကျွန်တော်ရဲ့ ပါးပါးက ဝမ်ဖေးဟုန်က ကူမင်းမြို့ရဲ့ လက်ရွေးစင် လက်ဝှေ့ချန်ပီယံတစ်ဦးပါ လက်ဝှေ့အရမ်းထူးချွန်တဲ့သူတစ်ဦးပါ
မားမားက ကူမင်းမြို့မှာ ကျောင်းလာတက်ရင်း ပါးပါးနဲ့တွေ့ပြီး ချစ်ခင်နှစ်သက်စုံမက်ပြီး အိမ်ထောင်ကျခဲ့တာပါ ကူမင်းမှာပဲ အခြေချခဲ့ကြတာပါ ကျွန်တော်မမွေးခင် အိမ်ထောင်သက် ၆နှစ် ကျွန်တော့်ကို မွေးပြီး  ကျွန်တော့်အသက် ၂နှစ်ကျော်တဲ့အထိ စုစုပေါင်း ၈နှစ်ကျော်လောက် ပါးပါးမားမားတို့က ကူမင်းမှာ နေခဲ့ကြပါသေးတယ်

ကျွန်တော့်အသက် ၂နှစ်ကျော်မှာ ပါးပါးက မားမားကိုလှည့်ဖျားပြီး နောက် အိမ်ထောင်ပြုထားတာကို  မားမားသိသွားခဲ့တာပါ ပါးပါးခြေလှမ်းတွေပျက်နေတာကို သတိထားမိတဲ့ မားမားက မချစ်တော့ရင်ဖြစ်ဖြစ် နောက်လူရှိနေရင်ဖြစ်ဖြစ်  ပွင့်ပွင့်လင်းလင်း ပြောပါ ကျွန်မကို မလှည့်ဖျားပါနဲ့လို့ ပြောနေတဲ့ကြားက ပါးပါးက ရိုးသားတဲ့ တောသူတောင်သားမို့ ဘာမှ မသိလောက်ပါဘူး ဆိုပြီး အိမ်ထောင်ရေး ဖောက်ပြန် တာကို မားမားက ပြန်သိသွားတဲ့အတွက် ပါးပါးနဲ့ လမ်းခွဲပြီး မားမားက မိန်ကျားရွာလေးမှာ ဖိုးဖိုးဖွားဖွားတို့နဲ့ အတူတူ ပြန်လာနေတာပါ

NeverWhere stories live. Discover now