Never (ဘယ်တော့မှ) - Zawgyi 32

145 3 0
                                    

ရှောင်းကျန့် Planချထားပြီး ဖြည်းဖြည်းချင်းစီ အဆင့်တက်လာတာ အခုတော့ တော်တော်လေး အဆင်ပြေပါတယ် ဒါပေမယ့် Neverလေးကိစ္စနဲ့ ပတ်သက်ပြီး အယူအဆမတူတာကြောင့် ရိပေါ်ဘက်ကလည်း လက်ထပ်ဖို့အကြောင်း မစခဲ့သလို ရှောင်းကျန့်ကလည်း လက်ထပ်ဖို့အကြောင်း မပြောတော့ဘူး

ရှောင်းကျန့်က လက်ထပ်ဖို့ အကြောင်းမပြောတော့တာမဟုတ်ပါဘူး မစဉ်းစားတော့တာပါ ပထမတစ်ခါ လက်ထပ်ခွင့်တောင်းပါလို့ အခွင့်အရေးပေးတာ ရှောင်းကျန့်စတာများသွားလို့ ရိပေါ်ထွက်သွားတယ် ပထမအကြိမ် အငြင်းခံရတာလို့ ယူဆတယ် ချန်ချန်ဆိုတဲ့ ငယ်နာမည်သုံးပြီး Surprisedတိုက် လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာလည်း လေထဲ တိုက်အိမ်ဆောက်သလို ဖြစ်သွားတယ် ဒုတိယအကြိမ်မြောက် အငြင်းခံရတယ်လို့ တွက်တယ် နောက် Staff party ညတုန်းက တစ်ခါခွင့်တောင်းတယ် သူ့အကြောင်းပြချက်နဲ့သူ ရိပေါ် လက်မခံခဲ့ဘူး

တတိယအကြိမ်အထိ အငြင်းခံခဲ့ရပြီးပြီ တစ်ခြားသူဆိုရင် ပထမတစ်ခါတည်းနဲ့ ရှောင်းကျန့်က အရမ်းမှတ်ထားတာ ရိပေါ်မို့လို့ ၃ကြိမ်တောင် ရှောင်းကျန့်ကို ငြင်းထားတာမို့ ရှောင်းကျန့်ရဲ့ ခေါင်းထဲမှာရော နှလုံးသားထဲမှာပါ လက်ထပ်ဖို့ဆိုတာ လုံးဝမေ့ထားလိုက်ပြီးသား ချစ်တာက ချစ်တာတစ်ပိုင်း အမှတ်ကြီးပြီး မာနကြီးတာက တစ်ပိုင်းလေ

ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ရိပေါ်က Neverလေးကို ဦးစားပေးတာမို့ နောက်ဆုံးအခွင့်အရေးအနေနဲ့ အစီအစဉ်လေး တစ်ခုလုပ်ထားတယ် ရိပေါ် မွေးနေ့ကျရင် Neverလေးကို မွေးနေ့လက်ဆောင် အနေနဲ့ ပေးလိုက်မလို့ သူ့တုန်းကတောင် ကျင်းကော်လေး ပေးသေးတာ ကျင်းကော်လေးလည်း သူများသမီးဘဲ ပြောရမယ်ဆိုရင် အဲဒီတုန်းကတောင် သမီးလေး ပါးပါးကလေးလေး လုပ်နေသေးတာပဲ Neverလေး ကျမှ လက်မခံကြည့် မင်းနဲ့ငါနဲ့တွေ့မယ်လို့ စိတ်ထဲက ကြုံးဝါးထားပြီးသား

အဆင်ပြန်ပြေပြီးကတည်း အလုပ်မှာ မင်းသားနဲ့ Personal Stylist ဆိုတာမျိုးအနေနဲ့ပဲ ပြန်တွေ့ရသေးတာ အဲဒီကတည်းက ပွဲဆက်တွေ
ရိုက်ကူးရေးတွေ အရမ်းများနေလို့ အေးအေးဆေးဆေး မတွေ့ရသေးဘူး တစ်ချို့ရက်တွေဆို ရိုက်ကူးရေးက ည၂-၃နာရီထိ ပြီးရင် မနက်ကို ၈နာရီလောက်ပြန်စတာမျိုးတွေတောင်ရှိတယ် အဲဒါတွေကြောင့် သူထပ်ပြီး ပင်ပန်းမှာစိုးလို့ ရှောင်းကျန့်လည်း Xiao ကုမ္ပဏီကို ဆက်ခံရမှာအတွက် သင်ယူရမှာတွေရှိလို့ မအားဘူးလို့ ပြောထားတာ ဒါတေင် ကိုယ်တော်ချောကတစ်ရက်လောက်လေးတွေ့ခွင့်ပေးဖို့ တဂျီဂျီနဲ့ တောင်း ဆိုနေတာကြောင့် အခု July ၂၇ရက်နေ့ ကို ကွန်ဒိုမှာ စောင့်နေမယ်လို့ ပြောပြီး ရှောင်းကျန့် လာစောင့်နေတာ

NeverΌπου ζουν οι ιστορίες. Ανακάλυψε τώρα