N ever (ဘယ်တော့မှ) - 9

412 34 1
                                    

ဝမ်ရိပေါ် ပို့ထားတဲ့ အတိုင်း လာခဲ့တာ Hello Danceဆိုတဲ့ အကသင်တန်းကို ရောက်လာတာပါ ရိပေါ်က ထွက်လာခါနီး ဖုန်းဆက်ဆိုပေမယ့် သူဘယ်လိုများကနေလည်း သွားချောင်းဖို့ စိတ်ကူးနဲ့ ဖုန်းမဆက်ဘဲ ထွက်လာမိပါတယ် အကသင်တန်းက အထပ်အများကြီးဆိုတော့ ဘယ်နေရာမှန်းမသိ ဟိုလူ့မေး ဒီလူမေးလည်း မမေးချင်တာနဲ့ ရိပေါ်ဆီဖုန်းဆက်လိုက်ပါတယ်

ကိုယ်တော်ချောက မကိုင်ဘူး ချိန်းတုန်းက ချိန်းထားပြီး ဒါကြောင့် ကိုင်တဲ့အချိန် Missed Call အများကြီးနဲ့ မြင်ပြီး မျက်လုံးပြူးသွားအောင် ခေါ်လိုက် ဝင်သွားတာနဲ့ချလိုက် လုပ်လိုက်ပါတယ် အခေါက်၃၀လောက် လုပ်ပြီး တဲ့အချိန်မှ အကသင်တန်းနဲ့ မျက်နှာချင်းဆိုင်က Bakery Shopလေးမှာ လာထိုင်လိုက်ပါတယ်

ပုံမှန်စိတ်နဲ့ဆို ရှောင်းကျန့် ပြန်သွားလိုက်ပါပြီ ချိန်းထားရင် အဲလို ကိုယ်ကလိုက်ရှာရတာ စောင့်ရတာ နည်းနည်းမှ မကြိုက်ပါဘူး သူများကို ကိုယ်လည်းမသိတဲ့နေရာချိန်းရင် မရှာရအောင် ကြိုစောင့်တာများ ရှာရလွယ်မယ့်နေရာအတိအကျလိုမျိုးကို ချိန်းတတ်ပါတယ် အခု ရိပေါ်တို့များ သူတို့သင်တန်းကိုဝင်လာရင် ဘယ်လိုက်ရှာရမှန်း အပြင်လူတစ်ယောက်လာရင် မသိနိုင်တာကို နားမလည်ဘူးလား

အခန်း နံပါတ် အလွှာနံပါတ်တွေလည်း မပို့ထားဘူး ပြဿနာတက်ထားပြီး ငြိမ်းချမ်းရေးယူထားတာမှ မကြာသေးဘူး စိတ်တိုအောင် လာဆွနေပြန် ပြီ ပြဿနာရှာတတ်သူကြီး ဖြစ်မှာစိုးလို့ သည်းခံနေတာ လာမှ သေသေချာချာ ပြောပစ်ပြီး ပြန်ဦးမယ် စိတ်ပေါက်ပေါက်နဲ့ မျက်နှာကို သေသေချာချာကြည့်ပြီး လူလိုနားမလည်တဲ့သူကို ပြောပစ်ဦးမယ်လို့ တေးထားလိုက်ပါတယ်

ရိပေါ်ကလည်း ၁၀နာရီမထိုးခင်ကတည်း တမျှော်မျှော်ပါပဲ ၁၀နာရီထိုးခါနီးကျမှ ဆရာက နက်ဖြန် Show တစ်ခုမှာ Backup ကရမှာအတွက် တစ်ခေါက်လောက် ကျင့်ရအောင်ဆိုလို့ ဖုန်းကို Silentလုပ်ပြီး အကသွားကျင့်တာ Group ထဲကတစ်ယောက်က နည်းနည်းလေး လွှဲနေလို့ ပြန်စခိုင်းလိုက် ပြန်တိုက်လိုက်နဲ့ နက်ဖြန်တောင် တကယ့်Showမို့ အလွှဲမခံဘဲ ပြန်ပြန်ကျင့်ခိုင်းတာမို့ ပုံမှန်ဆိုရင် ၁၀မိနစ်လောက်အတွင်း ကျင့်တာ ပြီးတတ်ပေမယ့် အခုက ၂၃မိနစ်တောင်ကြာသွားတာပါ ကတုန်းနေတုန်းက အရာရာမေ့သွားတာမို့

NeverWhere stories live. Discover now