Never (ဘယ်တော့မှ) - Zawgyi 17

142 3 0
                                    

ဒီနေ့ ရိပေါ် မွေးနေ့မို့ မနက်စောစောထပြီး မားမားဆီဖုန်းဆက်ပြီး ခါတိုင်းလို မွေးဖွားကြီးပြင်းစေခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ဖုန်းလှမ်းဆက်ပြီး စကားစမြည် ပြောဖြစ်ပါသေးတယ် ဒီလထဲ Completion Testတွေ ဖြေရမှာများနေလို့ မားမားဆီတောင် ပြန်မလာဖြစ်လို့ စိတ်မကောင်းကြောင်းပြောတော့ မားမားက ဘယ်နေရာရောက်ရောက် ရိပေါ်လေးရင်ထဲမားရှိနေတာသိရရင် မားအတွက်က ပြည့်စုံပြီမို့ စိတ်မကောင်းမဖြစ်နဲ့ ပြောတာကြောင့် နည်းနည်းတော့ စိတ်လက်ပေါ့ပါးသွားပါတယ်

ဟုတ်တယ် မားပြောသလိုပဲ အတူမရှိနေရင်တောင် စိတ်ထဲမှာရှိနေရင် ကျေနပ်သင့်တယ် ကျန့်ကောလည်း ကျွန်တော့်ကို စိတ်ထဲရှိနေရင် ပြီးတာပါပဲ ဒီကြားထဲ စကားမစပ်မိလို့ မွေးနေ့တွေဘာတွေအကြောင်းမှ မပြောမိကြတာ ရိပေါ်က နာမည်ကြီးလည်းမဟုတ်တော့ မွေးနေ့တွေဘာတွေ လိုင်းပေါ်ရှာလို့မှ မရတာကိုး နေ့လည်လောက်တော့ ဖုန်းအဆက်အသွယ်ရရင်ပြောလိုက်ပါ့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်

ရေမိုးချိုး အဝတ်အစားအသစ်ဝတ်ပြီး အခန်းအပြင်ထွက်လာတော့

"ဖောင်း ....... Happy Birthday to you .....Happy Birthday to you ....Happy Birthday ...to you.. ...Happy Birthday to You ပျော်ရွှင်ဖွယ်မွေးနေ့ပါရိပေါ်"

ကျိရန် ရယ် ဟောက်ရွှမ်းရယ် ကိတ်မုန့်အသေးလေးနဲ့ ရိပေါ်ကို Birthday Surprised လာလုပ်ကြတာပါ သူတို့ဝယ်လာတဲ့ ကိတ်မုန့် သေးသေးလေးပေါ်က ဖယောင်းတိုင်လေးကို မှုတ်ပြီး တိတ်တိတ်လေးဆုတောင်းလိုက်ပါတယ်

** ကျွန်တော့်မွေးနေ့မှာ မားမားကျန်းမာပျော်ရွှင် ကျန်းမာပါစေ ကျန့်ကောလည်းပျော်ရွှင်ပါစေ ခရီးလမ်းမှာ ခလုတ်မထိ ဆူးမငြိဘဲ ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါစေ**

"ကဲ မွေးနေ့ရှင်ကြီး မွေးနေ့မှာ ဘာကျွေးမှာလဲ"

"နေ့လည် အတန်းပြီးရင် လိုက်ကျွေးမယ်လေ ကျိရန်ကော က ဆေးရုံကနေထွက်လာလို့ လွယ်တယ်မလား ကျွန်တော်နဲ့ ဟောက်ရွှမ်း လာကြိုမယ်လေ"

"အင်းရတယ် ကော ဒီနေ့က Duty Off ဒါကြောင့် လာကြိုစရာမလိုဘူး ကော ဟောက်ရွှမ်းနဲ့ ကျောင်းကို လိုက်ခဲ့မှာ Libraryမှာ စာဖတ်ရင်းစောင့်မယ် အတန်းဆင်းရင် အတူတူသွားစားကြမယ်လေ"

NeverWhere stories live. Discover now