Never (ဘယ်တော့မှ) - 27

361 27 5
                                    

ပထမအဆင့် နဲ့ ဒုတိယအဆင့် တွေကို ရှောင်းကျန့်အောင်အောင်မြင်မြင််နဲ့ ဖြတ်ကျော်နိုင်ခဲ့ပါပြီ ရှောင်းကျန့် မိသားစု ရော ရိပေါ် မားမားကပါ ရှောင်းကျန့် နဲ့ Neverလေးကို လက်ခံသလို ရှောင်းကျန့် ရိပေါ်ကို ရအောင် ပြန်ကြိုးစားမယ်ဆိုတာကိုပါ ခွင့်ပြုချက်ရထားပြီးပြီ
အခုတတိယအဆင့်အနေနဲ့ ရိပေါ် နားကို အရောက်သွားဖို့ ပြင်ဆင်နေတာ

ပါးပါးနားကနေ တစ်နှစ်ခွင့်တောင်းပြီး YH Entertainment ရဲ့ ဒီဇိုင်း teamက အနုပညာရှင်တွေအတွက် Personal Stylist အလုပ်ခေါ်နေတဲ့အတွက် အလုပ်ဝင်ဖို့ ခွင့်တောင်းထားတာပါ ပါးပါးက လူက YH မှာအလုပ်လုပ်ရင်းနဲ့ Xiao Co.ltd ကိုဆက်ခံဖို့ လေ့လာတာကိုလည်း အဆက်မပြတ်စေနဲ့ လိုအပ်ရင် YH က ပိတ်ရက်မှာ ကုမ္ပဏီ အလုပ်တွေကို ဝင်လုပ်ရမယ် ပြီးတော့ တစ်နှစ်ပြည့်ရင် ရိပေါ်ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ YH က ပြန်လာပြီး ကုမ္ပဏီကို မဖြစ်မနေ ဆက်ခံရမယ် ဒါကိုနားလည်လက်ခံတယ်ဆိုရင် ခွင့်ပေးမယ်ဆိုပြီး ခွင့်ပြုထားတာပါ

ဒါကြောင့်အခု YH မှာ လူတွေ့အင်တာဗျူးဖြေဖို့အတွက် ရောက်နေတာပါ အစက အင်တာဗျူးက မနက်၉နာရီလို့ပြောထားတာပါ ဒီရောက်မှ CEO နဲ့ အကြီးပိုင်းတွေက လက်ရှိနာမည်ကြီးမင်းသားတစ်ယောက် ပြဿနာတက်လို့ အရေးတကြီးကိစ္စတွေရှိနေလို့ အင်တာဗျူးကို ၁၀နာရီနောက်ပိုင်းလို့ အချိန်နည်းနည်းရွေ့ထားလိုက်တာပါ ရတဲ့အချိန်က ဇကောဇက ဒီမှာရောက်တာ အားလုံးက ဒီဇိုင်းနာတွေကြီးပဲမို့ အတွေ့အကြုံဖလှယ်ရအောင် မပြန်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး အားလုံးထဲမှာ ရှောင်းကျန့်က အကြီးဆုံးမို့ ဦးဆောင်ပြီး

" ဒီ​နေ့ အင်တာဗျူးက နောက်ကျမှာဆိုပေမယ့် ဒီအားသွားတဲ့အချိန်လေးကို ကိုယ်တို့အကျိုးလေးရှိသွားအောင် အချင်းချင်း ဘဝအတွေ့အကြုံလေးတွေ ဖလှယ်ရင်းနဲ့ ဘာကြောင့်ဒီမှာလုပ်ချင်ကြတာလဲဆိုတာလေးတွေ အချင်းချင်းဝေမျှကြရအောင်လေ"

ရှောင်းကျန့် စကားအဆုံးအားလုံးက ရုတ်တရက် ခင်ဗျားက ဘာမို့လဲဆိုတဲ့ Vibeမျိုးနဲ့ ကြည့်လာကြတာမို့

"ကိုယ်ကအရင်ဆုံး မိတ်ဆက်ပေးပါ့မယ် ကိုယ့်နာမည်ကရှောင်းကျန့်ပါ Red-Bunny ဆိုတဲ့ နာမည်နဲ့ ဒီဇိုင်းဆွဲတာပါ ဒီ YHကိုရောက်လာရတဲ့အကြောင်းရင်းက ကိုယ်ချစ်ခင်တဲ့ ကြယ်ပွင့် လေး တစ်ပွင့်ကို ပိုပြီးလင်းလက်တောက်ပအောင် ကိုယ်တတ်နိုင်တာလေးနဲ့ မြှင့်တင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ ကိုယ်ကြောင့် အထီးကျန်နေတဲ့ ကြယ်လေးကို အဖော်လာလုပ်ပေးချင်လို့ ကိုယ်က YHမှာလာလုပ်တာ "

NeverWhere stories live. Discover now