Never (ဘယ်တော့မှ) - Zawgyi 7

189 5 0
                                    

ရိပေါ် ကွန်ဒိုပြန်ရောက်တော့ တော်တော်လေး စိတ်ရှုပ်နေပါတယ် အရင်က စိတ်မြန်လက်မြန်ရှိပေမယ့် ခုလိုတစ်ခါမှ သူများကို ကိုယ်ထိ လက်ရောက် ထိုးလိုက်တာမျိုး မရှိပါဘူး ခုတော့ ကိုယ်နဲ့ ဘာမှမဆိုင်တဲ့လူတစ်ယောက်ကို ကိုယ်စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ကို ထိုးလိုက်မိတာပါ

ဘာကြောင့်လဲ အရင်က ကိုယ့်စိတ်တိုင်းမကျရင် လူတစ်ယောက်ရဲ့ Personality ကို ကိုယ်မကြိုက်ရင် ခပ်ခွါခွါနေပြီး အပေါင်းအသင်းမလုပ်တာမျိုးနဲ့ပဲ ဘဝတစ်ခုလုံး ဖြတ်သန်းလာတာပါ ခုလို လူရှုပ်လူပွေတွေ လှေနံနှစ်ဖက်နင်းပြီး လှည့်ဖျားနေတတ်သူတွေကို မြင်ခဲ့ဖူးပေမယ့် ဒီလိုဒေါသတကြီးမဖြစ်ဖူးပါဘူး

အာ သိပြီ သူက ရိပေါ်ကို သူ့ချစ်သူလို့ ပြောလိုက်တာကိုး ဟုတ်လည်းမဟုတ်ဘဲနဲ့ သူ့ကို စိတ်ဝင်စားနေတာတော့မှန်ပါတယ် ဒါပေမယ့် ချစ်နေကြတာမှ မဟုတ်တာ ဟိုတစ်ခါကလည်း လက်ဝှေ့ပွဲမှာ ရိပေါ်က ဖက်လှဲတကင်း ဘယ်သူနဲ့မှ မနေဖူးတာရယ် ချန်ပီယံကြီး ရှောင်းကျန့် ကပေါက်ကရတွေပြောပြီး ပေါက်ကရတွေလာထိုးနေတာမို့ ရုတ်တရက် ခန္ဓာကိုယ် ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေက အလိုအလျောက်တုန့် ပြန်လိုက်လို့ ချန်ပီယံကြီးကလည်း လှနေတာလည်းပါတာပေါ့လေ

ခုခေတ်ကြီးမှာ လိင်တူကြိုက်ကြတာ မဆန်းပေမယ့် ရိပေါ်က ယောက်ျားလေးတွေကို မှ မကြိုက်တာ မိန်းကလေးပဲ စိတ်ဝင်စားတာ တစ်ဘဝလုံး လက်တွဲမယ့်သူ မတွေ့သေးလို့ရည်းစား မထားတာ အနာဂတ်မှာ မိန်းမယူကလေးမွေးပြီး ဘဝကို သမားရိုးကျ ဖြတ်သန်းဖို့ စဉ်းစားထားပြီးသား အဲဒီအချိန်မှာ သူက ခုလိုလာပြီး ချစ်သူလို့လာပြောလို့ ဒေါသထွက်တာ ဒါကြောင့်ထိုးတာ ထိုးသင့်တယ် ရိပေါ်မမှားဘူး

ရှောင်းကျန့်နဲ့ ပတ်သက်မိလို့ လူလည်း အယောင်ယောင်အမှားမှားတွေကို ဖြစ်လို့ တော်ပြီ သူက ကိုယ်မကြိုက်တဲ့ လှေနံနှစ်ဖက်နင်းတာ နှစ်ဖက်တောင်မဟုတ်ဘူး လှေနံနှစ်ဖက်ကနင်း လက်နှစ်ဖက်နဲ့ တခြားလှေနှစ်စီးကိုဆွဲ မေးစိနဲ့ နောက်လှေတစ်စီးကို ချိတ်ထား မျက်လုံးနဲ့ တခြားဆွဲစရာလှေကို လျာထား ချာလပတ်ကိုရမ်းနေတာပဲ ဒါကြောင့်နောက်ရက်စပြီး သူနဲ့ဝေးဝေးနေရမယ်
*
*
*
ပြဿနာလေးတက်တာက သောကြာနေ့မို့ ရိပေါ်အတွက် ပိုအဆင်ပြေသွားပါတယ် စနေတနင်္ဂနွေ မို့ Club ကို မသွားတာမို့ ရှောင်းကျန့်နဲ့ လည်း တွေ့စရာမရှိဘူးလေ ဒါပေမယ့် ပြဿနာတက်ထားတဲ့အကြောင်းနဲ့ နှာခေါင်းသွေးလျှံနေတဲ့ ရှောင်းကျန့်ရဲ့မျက်နှာကို မြင်ယောင်မိတာ မို့ ကတာ စိတ်ကသိပ်မဖြောင့် ကကွက်တွေခဏခဏမှားလို့ သင်တန်းဆရာကတောင် သတိထားမိသွားတာမို့

NeverWhere stories live. Discover now