Never (ဘယ်တော့မှ) - Special Part (Zawgyi)

270 5 2
                                    

🚨🚨🚨🚨🚨 Warning: This part contains picture of human reproductive organ but this picture is only used for medical education purpose.
(Wattpad team က ဖျက်ချခံရလို့ ပြန်တင်ပေးတာပါ)

အခုရိပေါ် အနုပညာလောက ကနေ အနားယူပြီး သူ့မားမားရယ် နဲ့ မိန်ကျားရွာလေးမှာ နေနေတာ ၄လကျော်ပါပြီ 
Neverလေးကလည်း မူကြိုအရွယ် ပဲမို့ မူကြိုကနေ ပြန်နုတ်ပြီး မိန်ကျားရွာကို ပို့ထားပေးလိုက်တယ် စာမသင်သေးဘဲ သဘာဝတရားတွေအကြောင်း လူကျင့်ဝတ်တွေအကြောင်း အရင်သိသွားအောင် လို့ပါ  မိန်ကျားရွာလေးရဲ့ ကောင်းတဲ့အလေ့အထလေးတွေ Neverလေးဘဝမှာ ရသွားလည်း ကောင်းတာပဲမို့ ရိပေါ်နဲ့အတူထားဖို့ ဆုံးဖြတ်ပြီး ထည့်ပေးလိုက်တာ အဘွားတွေ အဒေါ်တွေကလည်း အားပေးတယ် စာက တစ်သက်လုံးသင်ရမှာ ငယ်ရွယ်လွတ်လပ်တဲ့ဘဝက ပြန်မရဘူးဆိုပဲ

ရိပေါ်တို့ မိန်ကျားရွာလေးမှာ ရှိနေတုန်း ရှောင်းကျန့်လည်း လုပ်စရာ အလုပ်တွေကို မြန်မြန်လက်စသပ် လုပ်ထားရပါတယ် ဒါမှ သူတို့ကို မြန်မြန် ပေကျင်းပြန်ခေါ်နိုင်မှာလေ အခုရှောင်းကျန့် ရိပေါ်ကို လာပြဖူးတဲ့ မြို့ပြင်က ခြံထဲမှာ

Neverလေးနဲ့ အတူတူ ပြန်လာကတည်းက ရိပေါ် စိတ်ကူးထဲက ဒီဇိုင်းအတိုင်း ဆောက်ထားတာ လက်ရှိနေနေတဲ့ ကွန်ဒိုနဲ့ ဖွဲ့စည်းပုံတူတဲ့ နှစ်ထပ်အိမ်လေး တစ်ခုပဲ အခု အိမ်ကတော့ ကွန်ဒိုထက်ပိုပြီး အများကြီး ပိုကျယ်အောင် ဆောက်ထားပေးတယ် အိမ်ဝန်းထဲမှာ ရိပေါ်က အိမ်အသေး ၃လုံးထားမယ် ဆိုပေမယ့် ရှောင်းကျန့်က တခြားဘက်ခြမ်းမှာ အိမ်အကြီးတစ်ခုထပ်ဆောက်လိုက်တာပါ ကိုယ်ကျတော့ အိမ်အကြီးနဲ့နေပြီး ဧည့်သည်ကျမှ အိမ်အသေးလေးလို ပေးထားရင် ဘယ်ကောင်းပါ့မလဲ

အခု ဒါတွေ လက်စသပ်ပြီးရင် ရိပေါ်တို့ သားအဖကို ပြန်ခေါ်လို့ရပြီ သူကြောင့် ပြောင်းလဲသွားတဲ့ ရိပေါ်ရဲ့ ဘဝလမ်းကြောင်းကို သူပြန်တည့်မတ်ပေးရမယ်လေ အခု Beijing Sport University မှာ ရိပေါ်ကို ကျောင်းပြန်အပ်ထားပေးပြီ ထူးချွန်ကျောင်းသား ဖြစ်တာအပြင် နာမည်ကြီး အနုပညာရှင် ဖြစ်ခဲ့တာမို့ ကျောင်းရဲ့ ပညာရေးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး ကျောင်းကို Course Workတွေကို Online Learning နဲ့သင်မယ် ပြီးရင် Practical ပိုင်းကို လူမရှုပ်တဲ့ စနေ၊ တနင်္ဂနွေလိုမျိုးတွေမှာ သီးသန့် Trainingဆင်းမယ် လေ့ကျင့်ရေးဆရာတွေ စိတ်တိုင်းကျ ဖြစ်အောင် ဆင်းပေးမယ် ရိပေါ်ဘက်က အားကစားနဲ့ဆိုင်တဲ့ ဘွဲ့ယူ သုတေသနစာတမ်းတစ်စောင် ပြုစုပြီး ဘွဲ့ယူစာတမ်းကို တစ်နှစ်အတွင်း ပညာရေးဘုတ်အဖွဲ့ကို တင်ပြနိုင်ရမယ် လိုအပ်လို့ဖြေရမယ့် စာမေးပွဲတွေကို လာဖြေမယ် ကျောင်းဘက်က သီးသန့် စာမေးပွဲခန်းလို တော့ ပြင်ဆင်ထားပေးဖို့ လိုအပ်သမျှတော့ အားလုံးညှိနှိုင်းပြီးသွားပြီ

NeverWhere stories live. Discover now