Never (ဘယ်တော့မှ) - Zawgyi 25

127 3 0
                                    

၂၀၂၀ခုနစ် ဇွန်လ ၁၁ရက်နေ့ ကြာသပတေးနေ့..............
တစ်နှစ်ခွဲ အကြာမှာ ပေကျင်းကို ပြန်လည် ခြေချခဲ့နိုင်ခဲ့တဲ့နေ့ပါ တစ်နှစ်ခွဲအတွင်း ရိပေါ် ဘာဖုန်းမှ မကိုင်ပါဘူး မားမားဆီကိုတော့ လစဉ် စာမှန်မှန်ရေးပါတယ် တစ်ခါတစ်လေ သိပ်သတိရရင် Entertainment က ဖုန်းကို ခွင့်တောင်းပြီး မားဆီ ဖုန်းဆက်ဖြစ်ပါတယ်

မားမား နေကောင်းကျန်းမာအောင်နေဖို့ Training ကာလပြီးတာနဲ့ ပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းကို ပဲ ပြောဖြစ်ပါတယ် ကျန့်ကောအကြောင်း မမေးမိအောင်လည်း ချုပ်တည်းနေရတာ အဆင်မပြေတာမို့ မားမားစိတ်မပူအောင် အသံလေးကြားရုံ ဖုန်းဆက်ပြော ရိပေါ်လည်း နေကောင်းတဲ့အကြောင်း မိုးလင်းမိုးချုပ် Trainingဆင်းနေရတာမို့ ပင်ပန်းတာကလွှဲရင် အားလုံးအဆင်ပြေကြောင်း မားမားသိအောင်ပြောပြရုံလောက်ပဲ ဖုန်းပြောဖြစ်တာပါ စာရေးရင်တော့ ဒီကအခြေအနေတွေ တိတိကျကျ ဘာလုပ်တယ်ဘာဖြစ်တယ် အားလုံးကိုထည့်ရေးပြီး စာနဲ့ပဲ ဆက်သွယ်နေခဲ့တာပါ ဒီတစ်နှစ်ခွဲ ကာလကမှာ ရိပေါ်တကယ့်ကို ဒုက္ခရောက်ပါတယ်

ကျန့်ကောက တခြားလူနဲ့ လက်ထပ်မယ်ပြောတိုင်း ရိပေါ်ကို အမြဲသတိတရဖြစ်နေပြီး တခြားလူကို ယူလို့မရအောင် ပညာတွေပေးခဲ့တာ ဒါပေမယ့် အဲဒါအားလုံးက ကိုယ်ပဲ ပြန်ခံရတာလေ

ကုမ္ပဏီက အကကျင့်တဲ့အခန်းထဲမှာ အချိန်မရွေး သောက်လို့ရအောင် ရေခဲသေတ္တာ ထည့်ထားပေးတာဆိုတော့ ရေခဲသေတ္တာမြင်လည်း ကျန့်ကောကို သတိရတယ် ရေခဲသေတ္တာထဲက ရေကိုတောင် ကိုယ့်ဖာသာကိုယ် တစ်ခါမှ ယူမသောက်ဘူး တခါကဆို အတူတူ Trainingဆင်းနေတဲ့အစ်ကို က ရိပေါ်ရေခဲသေတ္တာရှေ့ဖြတ်နေတဲ့အချိန် သူရေသောက်ဖို့ ဖွင့်လိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ရေခဲသေတ္တာထဲက အေးတဲ့အငွေ့အသက်တွေ ခံစားလိုက်မိတာနဲ့ သတိရလွန်းလို့ ရေခဲသေတ္တာရှေ့တင်  ရိပေါ် ထိုင်ငိုမိပါတယ် အားလုံးက အထူးအဆန်း ဖြစ်နေပြီး ဝိုင်းမေးကြတာပါ ဒါပေမယ့် ဖြေစရာစကားက မရှိခဲ့ဘူး

ရေပန်းအောက် ရေချိုးလည်းသတိရ သွားတိုက်ဆေးမြင်လည်း သတိရနဲ့ ဘဝက မလွယ်ကူပါဘူး နောက်ဆုံးမှာ ကိုယ့်စိတ်ကို ပြန်ပြောင်းယူရတယ် ဒါတွေက လွမ်းဆွေးဖို့ အမှတ်တရမဟုတ်ဘူး ကြည်နူးဖို့ အမှတ်တရ ဘယ်သူနဲ့ပဲ လက်ထပ်သွား လက်ထပ်သွား အတူတူရှိနေတဲ့ ကာလမှာ ကျန့်ကော ရိပေါ်ကို အလိုလိုက်ခဲ့တယ် ဟန်ဆောင်ခဲ့တာမဟုတ်ခဲ့ဘူး တကယ့်ကို ရင်းရင်းနှီးနှီး နဲ့ ရိပေါ်ချစ်တာကို အချစ်ခံခဲ့တာ နှစ်ယောက်လုံး ပျော်ရွှင်ခဲ့ရတာမို့ ကျန့်ကောနဲ့အတူရှိခဲ့တဲ့ အချိန်တွေက အမှတ်တရကောင်းတွေမို့ မငိုတော့ဘူး အခုလည်း ကျန့်ကောကို ရိပေါ်ဘက်ကတော့ ချစ်လို့ရသေးတာပဲ ကျန့်ကောမသိတာ မှန်ပေမယ့် အရင်ကလို သတိရရင် ငိုနေမယ့်အစား ချစ်တယ်ကောလို့ပဲ စိတ်ထဲကနေ အကြိမ်ကြိမ် ပြော မယ် သေချာတာ တစ်ခုကတော့ ကောလည်း သူ့ကို မငိုစေချင်ဘူးလို့ ထင်လို့ စိတ်ခံယူချက်ကို ပြောင်းလိုက်မှ တဖြည်းဖြည်း အဆင်ပြေလာပါတယ်

NeverWhere stories live. Discover now