Never (ဘယ်တော့မှ) - Zawgyi 24

122 3 1
                                    

မိုးလင်းတော့ ဟောက်ရွှမ်း စိတ်ပူလို့ ရိပေါ်အခန်းဘက်ကူးပြီး ရိပေါ်ကို သွားကြည့်ဖို့လုပ်တော့ အခန်းထဲမှာ ရိပေါ်က မရှိပါဘူး သူ့ စားကြည့်စားပွဲပေါ်မှာ စာသုံးစောင်ကို တန်းစီထားတာမြင်လိုက်တာမို့ ရုတ်တရက် အရမ်းလန့်သွားပါတယ် ငါ့သူငယ်ချင်း ကိုယ့်ကိုသတ်သေသွားပြီလားမသိဘူးလို့ တွေးမိလိုက်လို့ပါ

"ရန်ရန် ....ရန်ရန် အမြန်လာပါဦး"

ကျိရန် အခန်းကူးလာတော့ ဟောက်ရွှမ်းက ငိုနေပါပြီ

"ရိပေါ် မရှိတော့ဘူး ရိပေါ် မရှိတော့ဘူး စာတွေရေးသွားတယ်
သူတစ်ခုခု လုပ်သွားပြီလား မသိဘူး မောင် မနေ့ကတည်းက သူနဲ့ အတူအဖော်လုပ်ရင်း စောင့်အိပ်ပေးလိုက်ရမှာ"

"မောင်...စိတ်ထင်ရာမတွေးနဲ့လေ ရိပေါ်က သူ့မားမားထားပြီး ကိုယ့်ကို တစ်ခုခု လုပ်ပါ့မလား စာအရင်ဖတ်ဦးလေ"

"ဟုတ်သားပဲ စာဖတ်ရမယ်"

ဟောက်ရွှမ်းသူ့နာမည်တပ်ထားတဲ့ စာကို မြန်မြန်ဖောက်ဖတ်လိုက်ပါတယ်

"ဟောက်ရွှမ်း နှုတ်မဆက်ဘဲ ထွက်သွားရတာကို တောင်းပန်ပါတယ် မားမားနာမည်နဲ့ စာကို မားဆီ ပို့ပေးပါဦးနော် ကျန့်ကောနာမည်နဲ့ စာကိုတော့ ၁၄ရက်နေ့ ကျန့်ကောလာယူရင် ပေးလိုက်ပါနော် ကျန့်ကောကိုလည်း ရန်မရှာပါနဲ့နော် ကောက ငါ့ကို လက်ထပ်ပါ့မယ်ဆိုပြီး ကတိပေးထားတာမျိုးမှ မရှိတာ သူရွေးချယ်ချင်တဲ့သူကို ရွေးချယ်ခွင့်ရှိတယ်လေနော် ငါတောင် ကျန့်ကော ကို အပြစ်မတင်ရက်တာ မင်းတို့လည်း ကျန့်ကောကို ဘာမှမပြောပါနဲ့တော့နော် မားမားကိုလည်း ကောအကြောင်းတွေ မတိုင်လိုက်နဲ့နော် ကော က ငါ့ကို ကစားတာမဟုတ်ပါဘူး သူဘယ်တုန်းကမှ ငါ့ကိုချစ်တယ်လို့မပြောခဲ့ဖူးပါဘူး ငါကသာ တစ်ဖက်သက် ချစ်ခဲ့ရတာမျိုးပါ ကောကိုသူ့စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင် လေး လက်ထပ်ပါစေနော် ငါ အခု ဘဝလမ်းကြောင်း ပြောင်းတော့မယ် ငါ့ကို Entertainment တစ်ခုက ကိုးရီးယားမှာ သူတို့ Trainee အဖြစ် ကမ်းလှမ်းထားတာ ကြာလှပြီ ငါကသာ ကျန့်ကောနဲ့ မခွဲချင်လို့ ငြင်းခဲ့တာ သူတို့က စိတ်ပြောင်းရင် အချိန်မရွေးလာခဲ့နိုင်တယ်လို့ ပြောခဲ့တာမို့ ငါ သွားလိုက်တော့မယ် အနည်းဆုံးတော့ ပင်ပန်းနေတဲ့ Trainee ဘဝမှာ ငါဘာကိုမှ မတွေးပဲ နေနိုင်မှာ ဒီအတိုင်းတော့ မနေနိုင်လောက်ဘူးထင်ပါတယ် ငါ နှစ်နှစ်လောက်တော့ Traineeဘဝနဲ့ နေရမှာမို့ မားမားကို စောင့်ရှောက်ပေးပါနော် အခုလောလောဆယ်တော့ ဆက်သွယ်မှု ဧရိယာပြင်ပမှာပဲနေချင်သေးလို့ ငါ့ကို မဆက်သွယ်သေးနဲ့နော် ငါ စိတ် အနည်ထိုင်လာတဲ့ တစ်နေ့ မင်းတို့ကို ဆက်သွယ်ပါ့မယ် ငါ့ကို 
နားလည်ပေးမယ်မလား စိတ်မပူနဲ့နော် ငါ ဆက်သွယ်ပါ့မယ် မင်းငါ ကိုယ့်ကိုကိုယ် သတ်သေလိမ့်မယ်လို့လည်း မတွေးနဲ့နော် ငါ မားမားကို စောင့်ရှောက်ရဦးမှာလေ ပြီးတော့ ကျန့်ကောကို ချစ်နေတဲ့ ငါ့နှလုံးသားလေး ကိုလည်း မရပ်တန့်စေချင်ပါဘူး ဒါကြောင့် စိတ်မပူနဲ့နော်"

NeverTahanan ng mga kuwento. Tumuklas ngayon