Never (ဘယ်တော့မှ) -22

330 26 5
                                    

အသက် ၂၉ နှစ်ပြည့်ပြီးတဲ့နောက်မှာ ရှောင်းကျန့် ဘဝကို ရင့်ကျက်စွာ ဖြတ်သန်းမယ်စိတ်ကူးပြီး နေပေမယ့် ရိပေါ်လေးကိုတော့ တစ်ဘဝလုံးစာ Surprised တိုက်ဖို့ စဉ်းစားထားတာပါ ရိပေါ်လေးတင်မက အိမ်ကမိသားစုတွေပါ အားလုံးကို နောက်ဆုံးအနေတော့ ကျီစားလိုက်ဦးမှ လို့ ဆုံးဖြတ်ပြီး စီမံကိန်း အကြီးကြီးချထားပါတယ်

ပထမဆုံး ရိပေါ် မားမားဆီ ဖုန်းဆက်ပြီး  သေသေချာချာ ခွင့်တောင်းကာ လာမည့် ၂၀၁၉ ဇန်နဝါရီလ တစ်ရက်နေ့မှာ မိန်ကျားရွာလေးမှာ လက်ထပ်ပွဲလေး တိတ်တိတ်လေး စီစဉ်ထားလိုက်ပါတယ် ရိပေါ်လေးကို အရိပ်အမြွတ်လေးတောင် မပြောဖို့ ရိပေါ်လေးက တိုက်ရိုက်. မ ဟုတ်ဘဲ သွယ်ဝိုက်ခွင့်တောင်းလာတာမျိုးရှိခဲ့ရင် ခွင့်ပြုတဲ့အကြောင်း ပြောပေးဖို့လည်း သေချာမှာထားပါ တယ်

အခုက အောက်တိုဘာ ၁၄ ရက်နေ့မို့ စာမေးပွဲဖြေဖို့က တစ်လလောက်ပဲ လိုတော့တာမို့ ရိပေါ်ကို ပို ဂရုစိုက် အလိုလိုက်ဖို့ စဉ်းစားထားတယ်
အားရှိမယ့် အစားအစာများများချက်ကျွေးရမယ် ဟိုနေ့က ကြက်ပေါင်းခေါက်ဆွဲစားချင်တယ်ပြောထားတာမို့ အခုကြက်သားပေါင်းနေတာ
ရိပေါ်ကတော့ အကသင်တန်းဆရာက ကိစ္စလေးရှိလို့ သင်တန်းခဏလာခဲ့ပေးပါဆိုလို့ ထွက်သွားတယ်

ကြက်ပေါင်း အဆင်သင့်ပြီမို့ ကျင်းကောလေးကို ရေချိုးပေးလိုက်ပါတယ် ဒီကြောင်လေးက အရမ်းလိမ္မာတယ် သန့်လည်းသန့်ရှင်းတယ် အားနေသူ့ကိုယ်သူ သန့်ရှင်းရေးလည်း လုပ်တတ်ပါတယ် ဒါပေမယ့် ပိုသန့်ရှင်းအောင် ရေချိုးပေးတာပါ အလေးအပေါ့သွားလည်း စည်းကမ်းရှိတယ် အစာကတော့ သူ့ကြောင်စာ အစာခြောက်လေးတွေ ကြောင်စာအထုပ် လေးတွေက လွှဲရင်တော့ တခြားဘာမှ မစားဘူး တကူးတကကြီးလည်း ကျွေးစရာမလိုဘူး

ကြောင်စာခွက်ထဲ သူ့အစာခြောက်လေး ဖြည့်ထားပေးလိုက်ရင် သူစာတဲ့အချိန်သူ့ဘာသာသူ စားနေတာ လျော့တာများလာရင် ဖြည့်ထားပေးရုံပဲ ကြောင်စာအစိုထုပ်လေးတွေတော့ စိတ်ကူးပေါက်ကျွေးချင်တဲ့အချိန် ဖောက်ကျွေး သူကလာစားပါတယ် တစ်ခုပဲ သူ့ဝယ်လာပေးတဲ့ရိပေါ်လို အားတိုင်း ကပ်နေတော့တာပါ သူ့မချီဘဲ ပစ်ထားတာကြာရင် အတင်းလာကပ်နေရောပဲ သူ့ကိုပွတ်သပ်ပေးချစ်ပေးလိုက် တော့လည်း ကျေနပ်ပြီး လူပေါ်ကနေဆင်းပြီး ကိုယ့်ကို ဆော့ကစားနေလေရဲ့ လုပ်စရာရှိတာတွေ လက်စသပ်ပြီးပြီမို့  LENIN ကို ပို့ရမယ့် ဒီဇိုင်းတွေ အချောသပ်နေလိုက်ပါတယ် မကြာပါဘူး ရိပေါ် ပြန်ရောက်လာတာမို့

NeverWhere stories live. Discover now