Never (ဘယ်တော့မှ) - 31

391 26 2
                                    

"ရတယ် ကိစ္စမရှိဘူးရတယ် သူ့ Daddy မလုပ်ချင်ရင် သူ့ Mommy လုပ်ကွာ"

စကားအဆုံး ရှောင်းကျန့်ရိပေါ်ကို ခုန်အုပ်လိုက်ပါတော့တယ် မင်းငါ့လက်က လွတ်ဖို့ မစဉ်းစားနဲ့တော့ရိပေါ် ငါမင်းကို ဘယ်လိုပဲဖြစ်ဖြစ် လွတ်ပေးတော့မှာ မဟုတ်ဘူး

ရုတ်တရက် သူ့ကို လုံးထွေးပြီး ခုန်အုပ်လာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ပက်လက်လန် လဲကျသွားတာ အခု ရှောင်းကျန့်က သူ့ကို Neverလေးရဲ့ မာမီလုပ်ကွာဆိုပြီး အတင်းအကြပ်သိမ်းပိုက်မယ့် ပုံစံမျိုးတွေပြုမူလာတာမို့ အသည်းအသန် ပြန်ချုပ်နေရတာပါ

လက်ဝှေ့မထိုးတာက ကြာနေတာအပြင် ဒီရက်ပိုင်း က အကကျင့်တာများပြီး GYM ကစားတာလောက် လုပ်နေတာမို့ ကျန့်ကောကို ဘယ်လိုမှ လွန်ဆန်နိုင်မှာ မဟုတ်ဘူး အရင်ကတည်းက ကျန့်ကော က သူ့ကို သပ်သပ်အလျော့ပေးပြီး ဦးဆောင်သူနေရာပေးထားလို့သာ အခုအခြေအနေက မဟန်ပါဘူး ဒါကြောင့် ရှိသမျှ အားအကုန်သုံးပြီး အား လို့ အသံရှည်ဆွဲပြီး အော်ဟစ်လိုက်တာကြောင့် ကျန့်ကောက ရုတ်တရက် လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်လိုက်ပြီး

" ဒီအခြေအနေက မင်းအတွက် အဲဒီလောက်ထိ သွေးပျက်စရာ ကောင်းသွားခဲ့တာလား Sorry ငါ့စိတ်ထဲ မင်းလည်း ငါ့လိုပဲ အရင်လို အတူတူနေချင်စိတ်လေးရှိဦးမယ် ရှေ့မတိုးရက်ခဲ့တာလို့ ထင်လိုက်မိလို့ ငါ့ဘက်ကပဲ ရှေ့တိုးလိုက်တော့မလို့ ငါ ကြံစည်ခဲ့တာ Sorry မင်းက အရင်က ရိပေါ်မှ မဟုတ်တော့တာ လူတိုင်း ငေးနေရတဲ့ ကြယ်လေးတစ်လုံးဖြစ်နေပြီပဲ အခြေအနေ အရပ်ရပ်ကို ငါမေ့သွားတာ မင်းက ငါ့ကိုလိုချင်နေတဲ့ ရိပေါ် မဟုတ်တော့ဘူး Sorry တောင်းပန်ပါတယ် ငါနည်းနည်း ပရမ်းပတာ ဆန်သွားပြန်ပြီ Sorry ပြန်လိုက်တော့နော် ဒီနေ့ကိစ္စတွေကို မင်း မှတ်ဥာဏ်ထဲမှာ မေ့လိုက်တော့နော် Sorry "

ခုနက အရမ်းကို ဆွဲလားရမ်းလားလုပ်နေတဲ့ ကျန့်ကောက ရုတ်တရက် ချက်ချင်းကြီး ဘာဖြစ်သွားရပြန်တာလဲ ရိပေါ် ဒီနေ့ ရူးတော့မှာပဲ ကောက ဘာဖြစ်နေတာလဲ ကောက ဘာတွေ ဒီလောက်တောင် ခံစားချက်ပြင်းထန်နေတာလဲ ကျန့်ကောက ပြန်တော့နော်ဆိုပေမယ့် မပြန်နိုင် ပါဘူး ကျန့်ကော အခြေအနေက စိတ်အရမ်းထိခိုက်သွားတဲ့ပုံမျိုးဖြစ်နေတာ ရိပေါ်က ပြန်စရာလား

NeverWhere stories live. Discover now