Never (ဘယ်တော့မှ) - Zawgyi 30

144 4 0
                                    

" ဘယ်လိုဖြစ်နေကြတာတုန်း "

"ဟင် ရိပေါ်"

" ဟုတ်တယ် ကျန်တာနောက်မှရှင်းမယ်"

စကားအဆုံး ရိပေါ်က ရိဖန်းရဲ့ လက်ကို ဆတ်ခနဲဆွဲပြီး သူနဲ့အတူပါလာတဲ့ Staffတွေ Bodyguardတွေ အားလုံးကို အခန်းအပြင် ထုတ်ပြီး အခန်းတံခါးကို လော့ချလိုက်တာပါ ပြီးတော့ ရှောင်းကျန့်နား ပြန်လှည့်လာတဲ့အခါ

"ဟို ရိပေါ် ..... Recordingက ညနေမှ ပြီးမှာဆို....."

"ဘာလဲ အချိန်ကောင်းမှာ အနှောင့်အယှက် ဖြစ်သွားလို့လား"

"မဟုတ်ပါဘူး အသံမပေးဘာမပေး ရုတ်တရက်ကြီးဆွဲလိုက်တော့ လန့်သွားတာပါ"

"မဟုတ်မဟတ် ဘာတွေများကြံစည်နေကြလဲမှ မသိတာ နောက်ဆို ဆင်ခြင်ပါ ဒါလုပ်ငန်းခွင် ပန်းခြံမဟုတ်ဘူး"

သေချာတယ် သူနဲ့ရိဖိန်း ပြောတာကို ရိပေါ်က နားစွန်နားဖျားကြားပြီး Neverလေးရဲ့ မာမီရှာပုံတော်ဖွင့်နေတာလို့ ထင်သွားတာနေမှာ အရင်ကတည်းက ရိပေါ် အရမ်းအူတို တတ်တာသူသိတာပေါ့ ဒါကြောင့်လည်း တမင်တကာကို

"ဪ.....မသိပါဘူး ငါက ဟိုတယ်အခန်းထဲရောက်နေကြပြီလို့ ထင်နေတာ အဲဒါကြောင့်.....အွန့်"

ရှောင်းကျန့်မှာ စကားတောင်ဆုံးအောင် မပြောလိုက်ရပါဘူး ရည်းစားလူလု အူနုကျွဲခတ်နေတဲ့ ရိပေါ်က အသိတရားရအောင် ရုတ်တရက် နမ်းလိုက်လို့ ဖြစ်ပါတယ် လာထားအာဘွားဆိုတာ ဒါပဲလေ ဇာတ်လမ်းတောင် မထွင်ရသေးဘူး ရိပေါ်က အနားတဆင့်တိုးလာပြီမို့ အရမ်း လွမ်းခဲ့ရတဲ့ အနမ်းမို့ ရှောင်းကျန့်ရိပေါ်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားလိုက်ပြီး အနမ်းတွေကို တုန့်ပြန်လိုက်ပါတယ်

ခဏနေတော့ ရိပေါ်က အသိစိတ်ဝင်လာတာနဲ့ အတင်းဆွဲခွါပြီး

" တောင်းပန်ပါတယ် ကျန့်ကော ကျွန်တော်စိတ်လွတ်သွားလို့ မထိန်းချုပ်လိုက်ဘူး"

"မင်း စိတ်လွတ်ပေမယ့် ငါစိတ်လွတ်မနေဘူး ငါ့ဘက်က တော့ မထိန်းချုပ်ဘူး"

စကားအဆုံး ရိပေါ်ကို အတင်းပြန်ဆွဲဖက်ပြီး ခပ်ကြမ်းကြမ်းလေး နမ်းပေးလိုက်ပါတယ် ကိုယ်တော်ချောက ရုန်းချင်နေသေးတယ် ရှိသမျှ အား အကုန်ထုတ်ပြီး ဆွဲချုပ်နမ်းပေးလိုက်တယ် လက်ဝှေ့ငါးထပ်ကွမ်း ချန်ပီယံဖြစ်လာတာ အလကားဖြစ်လာတာမှ မဟုတ်တာ အနှစ်နှစ် အလလ ကျင့်ထားရတာ ခုချိန်အသုံးမချရင် ဘယ်အချိန်အသုံးချရမှာလဲ

NeverWhere stories live. Discover now