Never (ဘယ်တော့မှ) - Zawgyi 34 (Final)

316 5 0
                                    


ရှောင်းကျန့် Switzerlandက ပြန်ရောက်တော့ ရိပေါ်လာကြိုပါတယ် Neverလေးလည်းပါတာပေါ့
ရှောင်းကျန့်တို့ သားအဖကို သူ Rumor တစ်ခုဖြေရှင်းစရာလို့ အမြန်ပြန်သွားတာပါ မသွားခင်ပြောသွားတာက Weiboပေါ် လုံးဝမတက်လာပါနဲ့တဲ့ ဘာသတင်းကြားကြား သူလာမှ အားလုံးရှင်းပေးမယ် ပြောတာပါပဲ

မတက်နဲ့ဆိုမှ ပိုတောင်တက်ချင်နေသေးတယ် Neverလေးနဲ့ အိမ်ကလူတွေ အတွက် လက်ဆောင်တွေထုတ်ပေးပြီး လုပ်ငန်းအကြောင်းတွေ ပြောပြ ရေမိုးချိုး စားသောက်ပြီးတာတောင် ရိပေါ်က ရောက်မလာသေးတာမို့ စကားနားမထောင်ဘဲ Weibo ဖွင့်ကြည့်မိတော့ HS ဝင်နေတာက ဝမ်ရိပေါ်က အနုပညာလောကထဲ မရောက်ခင်ကတည်းက အိမ်ထောင်ကျဖူးထားသူ တစ်ဦးဖြစ်တယ် ဆိုတာနဲ့အတူ လက်ထပ်စာချုပ် နည်းနည်းဟောင်းနေတဲ့ဟာလေးတစ်ခုရဲ့ပုံပါ တွဲတင် ထားတာပါ

လက်ထပ်စာချုပ်မှာ ၂၀၁၉ ဇွန်လ ၂၂ရက်နေ့ ဆိုတဲ့ ရက်စွဲရယ် ဝမ်ရိပေါ် လက်မှတ်နေရာရယ်ကို သေချာရှင်းအောင် ပြထားပြီး ကျန်တာတွေ အားလုံး ဝါးတားတား ဖြစ်အောင်လုပ်ထားတာမို့ ဒါတမင် တိုက်ခိုက်နေတာဆိုတာ သိသာပါတယ် Fanတွေနဲ့ Antiတွေလည်း Warနေကြတာ မြင်လိုတောင် မကောင်းဘူး ဒီလောက်ဖြစ်နေတာ မနက်ကတည်းက သတင်းတွေ ဆိုးဆိုးဝါးဝါး တက်နေတာကို Entertainmentဘက်က ဘာမှ မဖြေရှင်းပေးတာမို့ အခြေအနေက ပိုဆိုးလာတာပါ အမှန်ဆို ပုံက အတုကြီးပါ Photoshop လုပ်ထားတာပါဆိုပြီး Statement ထုတ်လိုက်ရင် တစ်ခါတည်း ကိစ္စပြတ်မယ့်ဟာ မဖြေရှင်းပေးတာမို့ ပိုပြီးစိတ်ပူတာပါ

ဘာလုပ်ရမယ်မှန်း သေချာတော့ မသိပါဘူး အဲလို HS တွေ ဖြုတ်ချဖို့ ပိုက်ဆံအကုန်ခံရတယ်ဆိုလိုများ Entertainement က အကုန်မခံတာလား မသိဘူး လိုအပ်ရင် ရှောင်းကျန့်က အကုန်ခံနိုင်ပါတယ် ရိပေါ်ဆီ ဖုန်းဆက်တော့လည်း မကိုင်ပါဘူး ညနေ ၄နာရီလောက်မှ ရောက်လာပြီး Rumorတွေကို ချက်ချင်းကြီးရှင်းရင် ပိုဆိုးနိုင်တာကြောင့် တစ်ပတ်အချိန်ယူမယ်ပြောပါတယ် နောက်၃ရက်နေ Entertainment က အဲဒီကိစ္စနှင့် ပတ်သက်ပြီး သတင်းစာ ရှင်လင်းပွဲ လုပ်မယ်ဆိုတဲ့အကြောင်း စာထုတ်ပေးလိမ့်မယ် ဒီတစ်ပတ်အတွင်း အားလုံးကို ရှောင်ဖို့ ကိုးရီးယား ခဏသွားမလို့ ရှောင်းကျန့်ကို လာခေါ်တာ ပြောတာပဲ

Neverजहाँ कहानियाँ रहती हैं। अभी खोजें