Never (ဘယ်တော့မှ) - 11

410 22 1
                                    


မိန်ကျား က မားမား အိမ်က ပြန်လာပြီးတော့ ရိပေါ် ရည်မှန်းချက်က ရှောင်းကျန့်ကို ရအောင်ပိုးမယ် ဆိုတဲ့ စိတ်ကူးပါ
ဒါကြောင့် ရိပေါ်က အချိန်တွေမဆွဲဘဲ ဖွင့်ပြောလိုက်ဖို့ စဉ်းစားပြီး Clubက နေ Training ဆင်းပြီးတဲ့အချိန် ညနေစာ ကို Scheduleညှိချင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ Hotpotလိုက်ကျွေးမယ်ဆိုပြီး Hotpot ဆိုင်ရဲ့ VIP Room Bookingတင်ထားပြီး အေးအေးဆေးဆေး စကားပြောလို့ရအောင် နှစ်ယောက်အတူတူ လာခဲ့လိုက်တာပါ စားစရာရှိတာစားပြီးတာနဲ့ ရိပေါ် ပြောစရာရှိတာကို စကားဦးသမ်းလိုက်ပါတယ်

" ကျန့်ကော  စနေ တနင်္ဂနွေဆိုရင် ဘယ်မှာ Training ဆင်းတာလာဟင် ကျွန်တော်တို့ Clubကိုလည်း မလာဘူးဆိုတော့"

"ကိုယ်က တနင်္လာကနေ သောကြာနေ့ထိ မနက်တစ်ပိုင်းကို ကိုယ့်ရဲ့ Agency က ပိုင်တဲ့ Clubမှာ လေ့ကျင့်တယ် မင်းတို့ Clubမှာတော့ ညနေ
ပိုင်းပေါ့ ကျန်တဲ့ရက်မှာတော့ ဘယ်မှာ မှ မဆင်းဘူး အနားယူတယ် ဒီဇိုင်းဆွဲတယ် ဒါပဲ"

" ကျွန်တော်က အကသင်တန်းကို ညနေ၃နာရီထိ ပဲ သွားပြီး လက်ဝှေ့ကို Training Time ထပ်တိုးမလို့ အခု ကျွန်တော့်အသက် ၂၃ပြည့်တော့မှာဆိုတော့ မကြာခင် ကျွန်တော် လက်ဝှေ့ပြိုင်ပွဲတွေ တကယ်ဝင်ပြိုင်တော့မှာမို့ ပိုပြီးလေ့ကျင့်မလို့ကျန့်ကောကို အချိန်ညှိပေးဖို့
တောင်း ဆိုမလို့ စဉ်းစားနေတာ ကျန့်ကော ကူညီပေးမယ်မလား "

"တခြားလူနဲ့ ကျင့်လေ"

"ကျွန်တော်က ကျန့်ကောနဲ့ပဲ လေ့ကျင့်ချင်တာ"

လူကို တည့်တည့်ကြီးကြည့်ပြီး ပြောလိုက်တဲ့ စကားကြောင့် ရှောင်းကျန့် ပြုံးမိပါတာ သူ့ကို ခုလို ဒီကလေးခုလိုမျိုး ခင်တွယ်နေတာကို သူကလည်း သူသဘောကျနေမိတယ် ဒါပေမယ့်

"ငါနဲ့ မတွေ့ခင်တုန်းက မင်းဘယ်သူနဲ့ကျင့်တာလဲ အခုရော ငါ ကလပ်မရောက်ခင် မင်းသူငယ်ချင်း ယွီပင်းနဲ့ ကျင့်နေတာမဟုတ်ဘူးလား"

"အာ..အဲဒါက သာမန်လေ့ကျင့်တာလေ အခုက Special Practice/ Exclusive Practice လုပ်ချင်လို့ပါဆို"

"ဘယ်လို ...ဘယ်လို"

" ကျွန်တော်က စိတ်ရော လူရော နှလုံးသားရော အားလုံးလေ့ကျင့်ချင်တာမို့ ကျန့်ကောနဲ့မှ ဖြစ်မှာ တခြားလူဘယ်သူနဲ့မှ မဖြစ်နိုင်ဘူး ဆယ်ထပ်ကွမ်းချန်ပီယံနဲ့တောင် မရဘူး"

NeverWhere stories live. Discover now