Never (ဘယ်တော့မှ) - Zawgyi 33

145 3 0
                                    

၂၀၁၈ ဒီဇင်ဘာ ၁၆ရက်နေ့

ရှောင်းကျန့် သတိရတော့ ဆေးရုံရောက်နေမှန်း သတိပြုမိပါတယ် မိသားစုဝင်အားလုံးလည်း ရောက်နေကြတာပါ

"ဘယ်လိုလုပ် ဆေးရုံရောက်နေတာလဲ"

"ကျန့်ကျန့် သားမပြောတာနဲ့ ပါးပါးမားမားတို့က သားနေတဲ့အိမ်ကို မသိနိုင်တော့ဘူးထင်တာလား ကိုယ့်ကိုထိန်းကျောင်းနိုင်တဲ့ပြီယူဆလို့ လွတ်ထားပေးတာ အခုလို အခန်းထဲမှာ သတိလစ်နေဖို့ မဟုတ်ဘူး ဒီစာက ဘာသဘောလဲ"

မေးတာကို မဖြေဘဲ ရှောင်းကျန့် လိုချင်တာကို ဘဲ ပြောမိပါတယ်

"ရိပေါ်ကို ရှာပေးပါ ပါးပါး  ပါးတို့မားတို့ မရှာပေးရင်လည်း သားကိုယ်တိုင်ရှာရလိမ့်မယ်"

"ကျန့်ကျန့် ဘာကိစ္စနဲ့ ရိပေါ်ကို ရှာမှာလဲ ရိပေါ်ထွက်သွားပြီလေ ကျန့်ကျန့်လဲ စာဖတ်ပြီးပြီမလား တခြားသူနဲ့ လက်ထပ်မယ်လုပ်ပြီး ထွက်သွားတဲ့ ရိပေါ်ကို ဘာကိစ္စရှာမှာလဲ"

ပါးရဲ့ စကားကြောင့် ရှောင်းကျန့် နားလည် သွားအောင်

"ချန်ချန်က ရိပေါ်ရဲ့ သူတောင် မမှတ်မိတော့တဲ့ သူ့ရဲ့ငယ်နာမည် ချန်ချန်က ရိပေါ်ပဲ ဒါကြောင့် ရိပေါ်ကို ရှာရမယ်"

ရိပေါ်ရဲ့ စကားအဆုံး မိသားစုဝင်တွေက ရှောင်းကျန့်ရဲ့ ကျီစားမှုအတိုင်းအတာကို ချက်ချင်းသဘောပေါက်သွားခဲ့ပါတယ် ဒါကြောင့် ပါးပါးက

"မရှာပေးနိုင်ဘူး ဒါ ကျန့်ကျန့် လုပ်လိုက်တာ ဘယ်သူမှ လုပ်တာမဟုတ်ဘူး လက်ထပ်တဲ့ကိစ္စဆိုတာ ကျီစားနေရမယ့်ကိစ္စမဟုတ်တာ ဘာလို့ သွားကျီစားလည်း ကိုယ့်အပစ်နဲ့ ကိုယ်ခံ"

"မခံဘူး ဘာလို့ခံရမှာလဲ သွားရှာပြီး ရှင်းပြရမယ် ပါးတို့မားတို့ မရှာပေးလည်း ကျန့်ကျန့် ကိုယ့်ကိုရှာမယ်"

ပြောလည်းပြော ဆေးရုံကုတင်ပေါ်က နေ Dripသွင်းထားတာတွေ ဆွဲဖြုတ်ပြီး ထသွားဖို့လုပ်နေတာမို့

"ကျန့်ကျန့် တော်သင့်ပြီ ကိုယ့်ကိုကိုယ်အရင်ကြည့်ဦး အခု ဘယ်နှစ်ရက်နေ့ရှိပြီထင်လဲ ကျန့်ကျန့် သတိလစ်နေတာ ၂ရက်ကျော်သွားပြီ ဒီလောက် ကျန်းမာရေး မကောင်းတာ ဘယ်လိုရှာမှာလဲ ပြီးတော့ ရှာတွေ့ရင်ကော ရိပေါ်က ယုံမှာတဲ့လား အခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုးပြောနေတဲ့လူတစ်ယောက်ကို ယုံမယ်ထင်နေလို့လား"

NeverWhere stories live. Discover now