Never (ဘယ်တော့မှ) - Zawgyi 6

213 6 0
                                    


အဲဒီနေ့က ရိပေါ်ရှုံးပါတယ် ဒါပေမယ့် လူသစ်တန်းလူငယ်တစ်ယောက်က ငါးထပ်ကွမ်းချန်ပီယံကြီးရဲ့ ထိုးချက်တွေကို ၃ချီအထိ ခံနိုင်ခဲ့တာမို့ ဘယ်သူကမှ အပြစ်မတင်ကြဘူး ဒုတိယအချီမှာ နှစ်ယောက်လုံး ကဂျိုးဂဂျောင်လုပ်လိုက်ပေမယ့် တတိယအချီက ရှောင်းကျန့်ရဲ့ ပွဲသိမ်းတိုက်ကွက်က တော်တော်လေး လှတာမို့ လာကြည့်သူတွေလည်း ကြည့်ရတာ တန်တယ်ဖြစ်သွားကြပါတယ် ရုံပြည့်ရုံလျှံ လာကြည့်ကြတာမို့ ဝင်ကြေးရဲ့ Percentage နဲ့ ထိုးကြေးရတာမို့ ရိပေါ်  Chinese Championship စီစဉ်သူတွေဆီက ဒေါ်လာ ၁၁၀၀၀ တောင်ရလိုက်ပါတယ်

ရှောင်းကျန့်ရဲ့ ကန်ချက်ကြောင့် ကားယားကြီးဖြစ်ခဲ့ရသလို လက်သီးစာကြောင့်လည်း အီစလံကို ဝေနေရောပဲ နှလုံးသားလေးကလည်း အခိုးခံရ ညီတော်မောင်ကလည်း ပဒီးပဒါးနဲ့ လမ်းသလားလို့ ပွဲစဉ်အပြီး Boxing Robe အမြန်ကောက်ခြုံခဲ့ရတာတွေ Toilet ထဲ စိတ်ကူးယဉ် လက်သမားလေးဖြစ်ခဲ့တာတွေ ရှိပေမယ့် အရမ်းလှတဲ့ Championကြီးကို ကြိုးဝိုင်းထဲမှာ Koalaလိုတွယ်ကပ်ထားခဲ့နိုင်တာကို ကြံဖန်ဂုဏ်ယူနေရသလို တစ်ဖက်ကလည်း မားမားအတွက် အထောက်အပံ့ကောင်း ဖြစ်သွားတာမို့ တစ်သက်တာ အမှတ်ရစရာ ပထမဆုံးပြိုင်ပွဲပေါ့

ရိပေါ် ပြိုင်ပွဲ အပြီး နှစ်ရက်မြောက်မှာ မားမား ကျောက်ကပ်အစားထိုး ခွဲစိတ်မှုလုပ်နိုင်ခဲ့ပါတယ် မားမားကျန်းမာရေးအခြေအနေ ကြောင့် ကျောင်းကနေခွင့်ယူထားတာကြောင့် ရိပေါ်က ရှောင်းကျန့်ကို စိန်ခေါ်တဲ့သူဆိုတာ သိတဲ့သူက နည်းပြရယ် ယွီပင်းရယ် ဟောက်ရွှမ်းရယ် Club ပိုင်ရှင်ရယ်ပဲ သိတာပါ ကျောင်းပြန်တက်တော့ ဒဏ်ရာတွေလည်း အရှင်းပျောက်ပြီမို့ လက်ဝှေ့ထိုးခဲ့တာမှန်း လုံးဝမသိသာတော့ပါဘူး

ဒါကြောင့်လည်း ရိပေါ် အတန်းဖော်တစ်ချို့ကရော Club ကလေ့ကျင့်ဖော် လေ့ကျင့်ဖက်တွေကပါ မားမား ဆေးရုံကိစ္စကြောင့် ရိပေါ် စိန်ခေါ်ပွဲအကြောင်းမသိသေးဘူးအထင်နဲ့ပြန်ပြီးတောင် ဖောက်သည်ချနေသေးတယ် သူတို့ပြောတဲ့အထဲမှာ ဘာပါလိမ့် 

"ငါတို့က လက်ဝှေ့ထိုးတာကြည့်ချင်လို့ စိန်ခေါ်ပွဲသွားတာ တော်သေးတယ် အချစ်စမ်းတဲ့ Live Show များကြည့်ရတော့မှာလားလို့
ရင်ထိတ်သွားတာပဲ"

NeverWhere stories live. Discover now