Never (ဘယ်တော့မှ) - Zawgyi 18

151 3 0
                                    

အချီချီ အချစ်စမ်းကြတယ်ဆိုပေမယ့် ညနေပိုင်းကတည်း ချစ်ပွဲဝင်ကြတာမို့ ညက မိုးသိပ်မချုပ်ပါဘူး ည ၁၁လောက်မှာတင် အတူတူ အိပ်ရာဝင် ဖြစ်ခဲ့ပါတယ် ရိပေါ်နှိုးတော့ ကျန့်ကောရင်ခွင်ထဲမှာပါ ခေါင်းလေးမော့ မေးဖျားလေးကို လှမ်းနမ်းလိုက်တော့ ကျန့်ကောက နှိုးနေ ပြီးသားပါ

"နှိုးပြီလား"

" အင်း နာနေသေးလား ညက တရေးနိုးတော့ စိတ်ပူလို့ ဆေးတော့ ထပ်လူးထားပေးသေးတယ် စိတ်ထိန်းပေမယ့် ဘယ်လိုမှထိန်းလို့မရ ဖြစ်သွားတာ "  

"ကိစ္စမရှိဘူး ခွေးပေါက်လေးတစ်ယောက်တည်း ကြောင့်မှ မဟုတ်တာ ငါကလည်း အလိုတူအလိုပါလေ စိတ်မပူနဲ့ မင်းရဲ့ ကျန့်ကောက Pain Threshold မြှင့်ပါတယ်ကွ"

"လက်ဝှေ့ချန်ပီယံကြီးကို ချစ်သူတော်ထားရတာ တန်သွားပြီ"

ချစ်မျက်စောင်းနဲ့အတူ ပြောလာတဲ့စကားက

" ထတော့ မနက်စာ ပြင်ပေးမယ် ကျောင်းသွားဖို့လုပ်တော့"

"မနက်ပိုင်း အတန်းမတက်တော့ဘူး Lecture ချိန်ပဲဆိုတော့ နောက်မှ စာပြန်ဖတ်လိုက်မယ် နေ့လည်ပိုင်းကတော့ လက်တွေ့အချိန်တွေပါလို့ သွားလိုက်မယ်"

"ဒါဆို ပြန်အိပ်ကြမလား"

"ဟင့်အင်း စကားပြောကြရအောင် ကျွန်တော်ပြောစရာလေးတွေရှိသလို မေးစရာလည်းရှိလို့"

"OK လေ"

"ကျန့်ကော အစတုန်းက ကျွန်တော်တို့ ၂ယောက်အဝေမတည့်နိုင်ဘူးလို့ ပြောထားခဲ့တာလေ အခုတော့ ဘာကြောင့် ကျွန်တော့်ကို ကြည်ကြည်ဖြူဖြူနဲ့ ပေးလိုက်တာလဲ ကျွန်တော်ထင်တာ အနည်းဆုံးတော့ ကျန့်ကောနဲ့ တစ်ပွဲတစ်လမ်း လက်ဝှေ့ထိုးပြီးမှ ကျန့်ကောကို ရမယ်ထင်ထားတာ ခုလို မွေးနေ့လက်ဆောင်ရမယ်လို့ကို မထင်ထားတာ ဘာကြောင့်လဲပြော ကျွန်တော့်ကို ချစ်လို့မလား"

"ဪ ဒီ ခွေးပေါက်လေးကတော့လေ စောစောကတည်းကပြောပြီးသား ကို ငါဘယ်တော့မှ မပြောဘူး နှလုံးသားပြောစကားကို နားထောင် ငါတွဲခဲ့တဲ့သူ အားလုံးနဲ့ မင်းက နည်းနည်းလေးတောင် မတူဘူးဆိုတာ မြဲမြဲ မှတ်ထားဟုတ်ပြီလား နှလုံးသားက ပြောတာပဲနားထောင်ပါကွာ"

NeverWhere stories live. Discover now