Never (ဘယ်တော့မှ) - Zawgyi 14

163 3 0
                                    



ညတွင်းချင်းပြောင်းလာရတာ စိတ်လုပ်ရှားစရာပါပဲ ပထမဆုံးDateတဲ့ညက ကျန့်ကောကို ရင်ခွင်ထားပြီး ဖက်အိပ်ရတဲ့ နွေးထွေးမှုလေးကို တမ်းတနေတာကြာပြီ ဒီကြားထဲ အခွင့်အရေးမရခဲ့တာမို့ အခုညက ပျော်စရာလေးပေါ့လို့ တွေးထားတာ

အခုတော့ တက်တက်စင်အောင်လွဲတာပဲ တစ်ခါတစ်လေ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်တာမျိုး ၊ ခံစားချက်တွေက ဘောလီဘောလို အမြင့်ကို ပင့်တင်လိုက်ပြီး ဖောင်းကနဲ ရိုက်ချပစ်ခံလိုက်တာမျိုးလေ အီစိမ့်နေတာပဲ စိတ်ကူးပေါင်းတစ်သောင်းခြောက်ထောင်နဲ့ အိမ်ပေါ်တက်လာခဲ့ပေမယ့် အိမ်ရောက်ပြီး တခဏအတွင်းမှာ ရှောင်းကျန့်ရဲ့ ဒါမင်းနေရမယ့်အခန်း ဆိုတာ စကားလုံးတွေကြောင့် စီစဉ်ထားသမျှ လွင့်ပျက်ပြယ်သွားတော့တာပါပဲ

"ကျန့်ကော ပြောတော့ ....."

"ဟိတ် ငါပြောတာ မင်းဘက်က ငါ့စိတ်တိုင်းကျ Training ဆင်းနိုင်ရင်လို့ပြောထားတာလေ အခုက ဘာTrainingမှတောင် မယူရသေးဘူး"

"ညနေက Clubမှာ Training ဆင်းပြီးပြီလေ ပြီးတော့ လိုအပ်ရင် ထပ်ပြီး Trainingလုပ်မှာပေါ့ အခန်းတော့ ခွဲမအိပ်ချင်ဘူးလေ"

"ရိပေါ် ရွေးစရာနှစ်ခုရှိတယ် ဒီအခန်းထဲမှာအိပ်ပြီး ငါပေးTrainingယူမလား မင်းအိမ်ကနေ အသွားအပြန်လုပ်ပြီး Training လုပ်မလား"

"ကျန့်ကော အိမ်မှာပဲ အိပ်မှာ"

"ဟုတ်ပြီ အခု July 22 ရက်နေ့ ငါညနေက Clubနဲ့ညှိလိုက်တာ လူသစ်တန်းချန်ပီယံ ကျန်းဖေးရှီးနဲ့ August 2 ရက်နေ့ ထိုးဖို့ Confirm ထားလိုက်ပြီ မင်းကြားထဲမှာ ၁၀ရက်အချိန်ရတယ် ၂ရက်နေ့ထိုးတဲ့ပွဲမှာ ငါ Trainingထားတဲ့ တိုက်ကွက်နဲ့ ငါးမိနစ်အတွင်း အနိုင်ယူနိုင်မှ ငါ့စိတ်တိုင်းကျ Trainingဆင်းတာလို့ သတ်မှတ်လို့ရမှာ"

" ရက်စက်ပါ ရက်စက်ပါ ဒီက ကျွန်တော်ဆိုတဲ့ ရိပေါ်က ကျန့်ကောရက်စက်တာခံယူဖို့ မွေးလာတာ ဟုတ်ပြီလား"

"Drama Kingလုပ်မနေနဲ့  ကျန်သေးတယ် နောက်ဒီ (၁၀)ရက်အတွင်း No More Date Between Us ပဲ ကျန်တာကို စိတ်မရောက်ဘဲ ပြိုင်ပွဲအတွက် အာရုံအပြည့်ရအောင် တခြားသူတွေ အမြင်မှာ ဒါကလက်ရည်စမ်းတာ ဆိုပေမယ့် ငါ့အတွက် အဲဒါထက် အများကြီးပိုတာမို့ မင်းသေချာလေ့ကျင့်ဖို့ လိုအပ်တယ်"

NeverWhere stories live. Discover now