Never (ဘယ်တော့မှ)- 5

540 31 3
                                    

ဒီနေ့ ရှောင်းကျန့်တော်တော်လေး စိတ်မကြည်မသာဖြစ်နေပါတယ်
မနက်စာစားပြီး စိတ်အေးလက်အေး အိမ်အတွင်းပိုင်း Decorationအတွက် ဒီဇိုင်းဆွဲပြီးရင် တစ်ယောက်ယောက်နဲ့ Dateပြီး ညနေပိုင်းမှ လက်ဝှေ့ trainingဆင်းမယ်ဆိုပြီးစိတ်ကူးနဲ့သာယာနေတုန်း Agency က မင်းကိုစိန်ခေါ်ထားတဲ့လူရှိတယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားလာခဲ့ပါတယ် အဲဒီအထိ စိတ်ကအကောင်း တစ်ပွဲတစ်လှမ်း နွှဲရချည်သေးရဲ့ ဆိုပြီး ကျေနပ်နေသေးတာ ပြီးမှစိန်ခေါ်ထားတဲ့သူရဲ့ ကိုယ်ရေးအချက်အလက် Profile ပို့ပေးထားတာမို့ ဖတ်ကြည့်ပြီး မျက်မှောင်ကြုပ်လိုက်မိတဲ့အထိ စိတ်ရှုပ် သွားရပါတယ်

Profile က ဘာမှ များများစားစားမပါဘူး ပြိုင်ဘက်က အသက် ၂၁နှစ်ဆိုတာရယ် Beijing Sport University မှာ ဒုတိယနှစ် တက်နေတယ်ဆိုတာ နဲ့ Martial Art Sport Clubက ဆိုတာပဲပါပါတယ် တစ်ခါမှပြိုင်ပွဲမဝင်ဖူးဘူးဆိုတာဆိုတာကို ဖတ်လိုက်ရတာမို့

* ဘယ်လောက်တောင်  Confident level so highနေလို့ ငါ့စိန်ခေါ်တာလဲ စိန်ခေါ်တော့လည်း ထိုးလိုက်ရုံပေါ့ ဘာခက်တာမှတ်လို့ ငါ့ကို စိန်ခေါ်တယ် ဆိုတော့ ကြည့်ရတာ နာမည်ကြီးချင်လို့လား မသိဘူး ဒါပေမယ့်လည်း ဘာပြိုင်ပွဲမှ မဝင်ဘူးဘဲ စိန်ခေါ်ပွဲတက်လာဖို့ဆိုရင် လူသစ်တန်းကလူတွေကို အပြိုင်ထိုးပြီးမှ စိန်ခေါ်ခွင့် ရမှာမို့ ခေသူမဟုတ်တာတော့ သေချာတယ် မဖြစ်ဘူး ပြိုင်ဘက်အကြောင်းစုံစမ်းဦးမှ*

လို့တွေးပြီး Agency ကို ပြိုင်ဘက်နာမည်ကို လှမ်းမေးတော့ ပွဲစီစဉ်သူတွေက နာမည်မပေးထားဘူးလို့ ပြောပါတယ် ထိုးမယ့်နေ့ကြမှ
ပြိုင်ဘက်နာမည်ကို ထုတ်ဖေါ်ကြေငြာမှာမို့ ခုလောလောဆယ် ပေးထားတဲ့အချက်အလက်အပြင် ကျန်တာ ဘာမှ မသိပါဘူး ဆိုတာကြောင့် ဝမ်ကျိုးချန်ဆီ အချက်အလက်တွေ ပို့ပေးပြီး စုံစမ်းခိုင်းလိုက်ပါတယ် ပြီးတော့ တွေးထား စီစဉ် ထားတာအားလုံး ဖျက်ပြီး Training ဆင်းဖို့ Clubကိုပဲ ထွက်ခဲ့လိုက်တော့တယ် ဟုတ်တယ် နှစ်ပတ်အတွင်း စိန်ခေါ်ပွဲကို လုပ်မှာဆိုပဲ

ချန်ပီယံသိက္ခာမကျအောင် ခုကတည်း သေချာလေ့ကျင့်မှရမယ်လေ ပြိုင်ဘက်ကို အထင်သေးလို့မရဘူး ပြိုင်ဘက်ရှုံးရင် ငယ်သေးတာကို ငါးထပ်ကွမ်းချန်ပီယံကိုတော့ ဘယ်ကျော်နိုင်သေးမှာလဲဆိုပြီး လူတွေက ဖြေတွေးကြမယ် ရှောင်းကျန့်သာ ရှုံးကြည့်

NeverWhere stories live. Discover now