အပိုင်း ၂

2.4K 217 12
                                    

အိမ်တွင်အကိုလင်းထိုက်မရှိဘူးဆိုပေမဲ့ အိမ်မပြန်ချင်သေး၍ ဆေးရုံကအပြန် စန့်ငယ် ကော်ဖီဆိုင်လေးတစ်ဆိုင်တွင်ဝင်ထိုင်ဖြစ်သည်။

“Latte”

ထိုတစ်ခွန်းနှင့်ပြုံးပြလိုက်တော့ waitress လေးက ခေါင်းညိတ်ကာ ခပ်ပြုံးပြုံးနှင့်အနားက ထွက်သွားသည်။
စိမ်းစိမ်းစိုစိုသစ်ပင်တွေကို သေချာပြုစုပျိုးထောင်ထားဟန်ရသည့်ခြံဝန်းကြီးအထဲ အဆောင်ငယ်လေးတွေဖွဲ့ကာ ကော်ဖီဝိုင်းလေးတွေထားရှိထားသည်။
တချို့ကတော့ အဆောင်မပါပဲ စားပွဲဝိုင်းလေးတွေနှင့်သာ။ သူကတော့ စာဖတ်စင်နားကပ်သည့် တစ်ယောက်ထိုင်ဝိုင်းလေးကိုပဲရွေးဖြစ်ခဲ့သည်။

“ကျွန်မတော့သည်းမခံနိုင်တော့ဘူး”

တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ကိုဖြိုခွဲလာသည့်ထိုစကားဟာ သူနှင့်ဆိုပါလျှင် မျက်နှာချင်းဆိုင်တွင်ရှိသောဝိုင်းမှ အမျိုးသမီးလေး၏အသံဖြစ်သည်။
အံကြိတ်ထားဟန်ရသည့်သူမဟာ မျက်ခုံးလှလှတို့ကို တွ့န်ချိုးထားသည့်တိုင်အောင် သိပ်ကိုလှသည်။ မျက်ဝန်းကလေးတွေဟာလည်း သမင်တစ်ကောင်လိုမျိုး၊ ချယ်ရီယောင်ပြေးနေသည့်နှုတ်ခမ်းထက်ကို ဖိကိုက်နေသည်က အတော့်ကိုပင် ခံပြင်းနေသည့်ဟန်ပင်။

“အဲ့တော့...”

ခပ်အေးအေးစကားကို သူကိုကျောပေးကာထိုင်နေပါသော အမျိုးသားကပြောသည်။ ကျယ်‌ပြောလှသည့်ပခုံး၊ လျောဆင်းသွားတော့ ထိုင်နေရုံဖြင့် တောင့်တင်းလှသည့် လက်မောင်းကြွက်သားတို့ကိုပင် လှမ်းမြင်နေရသည်။

“ရှင်...”

ချောမောလှသည့်အမျိုးသမီးလေးဟာ ထိုလူ၏ အလေးမထားသည့်စကားကြောင့် ပိုလို့ပင် ဒေါသဖြစ်ဟန်ရသွားပြီး ကော်ဖီခွက်ကိုကျစ်ကျစ်ဆုပ်နေ၏။

“ကောင်းပြီလေ... လမ်းခွဲကြတာပေါ့... ရှင့်လိုလူစားမျိုးကိုသ‌ဘောကျမိတာ မဟာအမှားပဲ”

“ဒါတွေပြောဖို့အတွက်ဒီကိုခေါ်တာလား... ဖုန်းတချက်ဆက်လိုက်ရင် မျက်နှာကြည့်စရာတောင်မလို‌တော့တာကို ဘာလို့ ကော်ဖီဆိုင်အထိလာပြီး ဒီစကားတွေနားထောင်နေရလဲ နားမလည်နိုင်တော့ဘူး”

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Место, где живут истории. Откройте их для себя