အပိုင်း ၁၂

1.8K 178 20
                                    

Author note : မနက်အစောကတည်းက တင်မလို့ဟာကို သားဆိုးလေးကျေးဇူးနဲ့ ဖုန်း‌ပေါ် အချဉ်ရေတွေမှောက်ကုန်လို့ ကပြာကယာသုတ်ပြီး ဆန်အိုးထဲထည့်ထားလိုက်ရတာ ကြာသွားတယ်

#ဇာတ်လမ်းထဲက အမှတ်အသားဖျက်တဲ့အကြောင်းနဲ့ ဗီဇပျောက်တဲ့အကြောင်းကလေ ကိုယ်ထင်သလိုစွဲရေးတာဆိုတော့ AOB rules တွေဘာတွေနဲ့များ မကိုက်တာတို့ဖြစ်သွားမလားမသိပါဘူး

အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်လည်း အားလုံးက ကိုယ့်စိတ်ကူးချည်းဆိုတော့ နားလည်ပေးကြပါနော်

______________________________________________________________
 

“Fated pairs ဆိုတာ မှန်တယ်”

ရှေ့ခုံတွင်ထိုင်နေသည့်မျိုးလွင်က ထွဋ်မြတ်၏စကားကြောင့် မျက်ခုံးတစ်ဖက်တွန့်ပြသည်။

“ဘာလို့များ ငါ့စကားကိုမှန်တယ်လို့ ပြောဖြစ်သွားတာလဲ”

လေယူလေသိမ်းကအစ အသာစီးရထားသလိုမျိုးဖြင့် မျိုးလွင်ကပြောလေ၏။ မျိုးလွင်ပြုမူနေတာတွေကို စိတ်တိုပေမဲ့လည်း လိုချင်တာရှိနေသည်မို့ ထွဋ်မြတ်သည်းခံကာ ရှင်းပြလိုက်သည်။

“ရနံ့‌လေးတွေရရင်လည်း နှလုံးခုန်အရမ်းမြန်လာတယ် မြင်နေရတာကို ထိချင်တယ် ကိုင်ချင်တယ် အဲ့လိုရှိတယ်‌လေ အပြုံးလေး”

စကားစကိုဖြတ်လိုက်သည့်ထွဋ်မြတ်ကြောင့် ‌မျိုးလွင်က ခေါင်းပါညိတ်ကာ မျက်နှာကပင် အလျင်အမြန်ကို ကြားချင်နေကြောင်း ဖော်ပြလေ၏။

“သူ့အပြုံးလေးမြင်တာနဲ့ ငါ့ကောင်က ထလာတယ်”

“ဖွီးးးး”

ပါးစပ်ကိုလက်ဖြင့်အုပ်ကာ မျိုးလွင် ခွက်ထိုးခွက်ကိုပင် ရယ်တော့သည်။ ထွဋ်မြတ်ကတော့ ထိုသည်ကို စိတ်ပျက်နေဟန်ရ၏။

“ဟား....”

ရယ်လို့မပြီးသည့် ကိုယ်တော်ချောကြောင့် ထွဋ်မြတ် နေရာမှထမယ်လုပ်ကာမှ အရှိန်သတ်ကာ မျိုးလွင်က ထွဋ်မြတ်အားလိုက်ဆွဲပြီးပြန်ထိုင်စေသည်။

“ဆောရီး ဆောရီး အဟင်း”

ထိုင်ခုံတွင်အကျအနပြန်ထိုင်ပြီးမျိုးလွင်က တည်တည်ကြည်ကြည်ပုံစံဖမ်း၏။ ထို့နောက်

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now