အပိုင်း ၁၀

2K 188 7
                                    

“အိပ်လိုက်မလား”

ထွဋ်မြတ်ရဲ့စကားကိုသူမငြင်းပဲ ခေါင်းညိတ်ပြလိုက်သည်။

စန့်ငယ်ရင်တုန်နေတာ အခုထိမပျောက်သေးဘူး။
ပါးပြင်ပေါ်နှင့် ခန္ဓာကိုယ်ပေါ်မှဒဏ်ရာတွေကလည်း စပ်ဖျင်းပြီး နာကျဉ်နေသည်။

ကုတ်အင်္ကျီကိုလွှားခြုံထား၍သာ အတွင်းက ဒဏ်ရာဗလပွနှင့် ဆိုးဝါးတဲ့ပုံစံကြီးကို ဖုံးကွယ်ထားနိုင်တာဖြစ်သည်။

ထွဋ်မြတ်သူ့ကိုဘယ်ခေါ်သွားမလဲမသိပေမဲ့ မေးလည်းမမေးရဲသလို ဘယ်ကိုရောက်ရောက်ကိစ္စမရှိ။

သူကိုယ်တိုင်ကလည်း အကိုလင်းထိုက်ဆီမှလွတ်ရင် ရပြီမို့။

အဲ့နေရာမှာ ထွဋ်မြတ်သာ ရောက်မလာခဲ့ရင် သူ့ဘဝက ဘယ်လိုဘယ်ပုံဖြစ်မည်ပင် မတွေးတက်။

ပင့်သက်ရှိုက်ကာ နွေးထွေးသည့်ကုတ်အင်္ကျီထဲ နစ်မတက် တိုးဝင်လိုက်မိသည်။ ကုတ်အင်္ကျီပေါ် စွဲကျန်နေသည့်ရနံ့တွေက မွှေး၏။ သို့သော် သူ့ခြေထောက်တွေက ကျောက်စရစ်လမ်းပေါ် ခြေဗလာဖြင့်ပြေးခဲ့ရသည်မို့  အေးပြီးနာကျဉ်နေကြသည်။

ကားထဲရှိနေတာဖြစ်၍ နွေးသင့်ပေမဲ့ သူ့ခြေထောက်တွေက ထိုသို့မဟုတ်တာကြောင့် ခြေချောင်းတို့ကို အကွေးအဆန့်လုပ်ကာ စန့်ငယ် အသာအယာလှုပ်လိုက်မိ၏။

ထိုသည်ကို သတိထားမိဟန်ရသည့်ထွဋ်မြတ်က ချက်ချင်းဆိုသလို သူ့ဖက်ကို စောင်းငဲ့ကြည့်လာသည်။

“အေးလို့လား”

“ရပါတယ်ဗျ”

အားနာသဖြင့်သူငြင်းပေမဲ့ ထွဋ်မြတ်က heater ဖွင့်ပေးသည်။

“ကိုယ်နဲ့အတူဆို မင်းစိတ်ကြိုက်လုပ် မင်းစိတ်ထဲရှိတာ ဘာမဆိုထုတ်ပြောလို့ရတယ် ဟုတ်ပြီလား”

ညိုပြာရီဝေသောမျက်ဝန်းတွေနှင့်တိုးတော့ စန့်ငယ် နှလုံးသားလေးက တချက်ပြင်းပြင်းခုန်လှုပ်သွား၏။
‌Heater ကြောင့် ရင်ထဲနွေးသွားသည်လား စကားလုံးတွေကြောင့် ရင်ထဲနွေးသွားသည်လား ရှင်းရှင်းလင်းလင်းမသိပေမဲ့ ထွဋ်မြတ်ဟာ သူ ယုံကြည်နိုင်တဲ့သူဖြစ်ကြောင်းတော့ စန့်ငယ်ကောင်းကောင်းသိပါ၏။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now