အပိုင်း ၂၃

1.9K 177 30
                                    

“ပြောထားတဲ့ပိုက်ဆံပါ”

Amount သိပ်မများသေးပေမဲ့ အချိန်တိုအတွင်း စန့်ငယ် အဲ့သည့်လောက်ပြန်ဆပ်နိုင်ခဲ့တာ ထွဋ်မြတ်ရဲ့ ကျေးဇူးတွေကြောင့်သာ။

“နောက်ပိုင်း လူချင်းမတွေ့ရရင် ပိုကောင်းပါလိမ့်မယ်”

အိတ်ဖွင့်ကြည့်သည့်လင်းထိုက်အနားက စန့်ငယ် အမြန်ဆုံးထွက်သွားချင်တာကြောင့် ခပ်မြန်မြန်ပဲ ထလိုက်သည်။

“မင်းကိုခေါ်တာ တွေ့ချင်လွန်းလို့ခေါ်တယ်များ မှတ်နေသလား”

လူကိုယ်တိုင်လာတွေ့ဖို့ခေါ်ခြင်းက အကြောင်းအရာတစ်ခုခုကို ဆွေးနွေးချင်လို့ဖြစ်မယ်မှန်း စန့်ငယ် နားလည်ထားပါ၏။

“ငါ့လုပ်ငန်း‌တွေထိခိုက်‌အောင်လုပ်နေတာရပ်ဖို့ မင်းကောင်ကိုပြောလိုက်”

ထိုစကားကိုကြားတော့ စန့်ငယ်နားမလည်ခဲ့။ အကိုလင်းထိုက်ရဲ့လုပ်ငန်းတွေ ထိခိုက်နေတာက ဦးထွဋ်မြတ်နဲ့ဘာဆိုင်လို့လဲ။

“မင်းကြောင့်နဲ့ ငါ့အပေါ်အညိုးထားနေပုံပဲ ဘာလဲ မင်းက အရင်ကနေ့ရက်တွေအကြောင်း သူ့ကိုတစ်ခုချင်းပြောပြလိုက်လို့လား”

သည်းခံစိတ်ကို လာရောက်ထိုးဆွနေသည့် လင်းထိုက်ကို စန့်ငယ် လက်သီးကျစ်ကျစ်ဆုပ်ရင်း ကြည့်မိသည်။
ဆိုးဝါးခဲ့တဲ့အတိတ်ကို သူပြန်သတိမရချင်ပေမဲ့ လင်းထိုက်ကြောင့် အတွေးတွေထဲ နေရာယူကာ မောဟိုက်လာရသည်။

“ကြည့်.... မင်းအခုထိ ပြေးမလွတ်သေးဘူး”

အနားကိုတိုးကပ်လာပြီး‌ ပြောသည့် ထိုစကားတစ်ခွန်းရယ် ကျောချမ်းဖွယ်အပြုံးတစ်ပွင့်ရယ်ကို သူမြင်ရပြီးတဲ့နောက် အားကုန်သုံးကာ လင်းထိုက်၏ ပါးပြင်အား ရိုက်ချပစ်လိုက်တော့သည်။

“ဖြန်း!”

“မင်း!!!”

ပါးပြင်ကိုဖိကာ စူးစူးရဲရဲစိုက်ကြည့်လာတော့ တုန်ရီနေသည့်သူ့လက်တွေကို ကျစ်ကျစ်ဆုပ်ပစ်လိုက်သည်။

“အကိုက အတိတ်မှာပဲရှိ‌နေသေးတဲ့ အရှုံးသမားတစ်ယောက်ပဲ .... ဟုတ်တယ် ကျွန်တော့်ဘဝကြီးကဆိုးခဲ့တယ် ... အရှင်လတ်လတ်ငရဲကျနေခဲ့သလိုပဲ  ... ဖြစ်နိုင်ရင် အဲ့အတိတ်ဆိုးကြီးကိုလည်း ဖျက်ပစ်ချင်‌သေး .... အဲ့လိုမဖြစ်နိုင်မှန်းလည်းသိတယ် .... ဒါပေမဲ့ အခုကျွန်တော်ပျော်ရွှင်နေတယ် ... ဘာလို့ ကျွန်တော်က ပျော်ရွှင်ရတဲ့ပစ္စုပ္ပန်ကို အတိတ်ဆိုးနဲ့ ရောထွေးနေရမှာလဲ ... ပြီးတော့ ကျွန်တော့်ကိုအမိန့်လာပေးရအောင် အကိုကဘာမို့လို့လဲ ... နည်းနည်းလေးတောင်အရေးမပါတဲ့ လူတစ်ယောက်ရဲ့စကားကို ကျွန်တော်က ဘာလို့နားထောင်ရမှာလဲ ... ဦးထွဋ်မြတ်ကြောင့် အကို့လုပ်ငန်းတွေ ထိခိုက်နေလို့ ရပ်တန့်ပေးပါလား ... ဟား”

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now