အပိုင်း ၃၂

2.1K 170 33
                                    

ဗိုက်ပူနေသည့်စန့်ငယ်အတွက် မင်္ဂလာဝတ်စုံကို ဗိုက်ပွပြီးချုပ်ရသည်။

အဖြူရောင်သတို့သားလေးက ဗိုက်လုံးတစ်တစ်ကလေးနဲ့ သိပ်ကိုချစ်ဖို့ကောင်းနေတာကြောင့် မြင်သူတိုင်းက သဘောတကျပြုံးကြသည်။

ကံကောင်းလိုက်တာဆိုတဲ့ စကားတွေအပြင် အိုမီဂါလေးက ချစ်ဖို့ကောင်းလိုက်တာဆိုတဲ့ စကားတွေပါ နားမဆန့်အောင် ကြားနေရသည်မို့ ထွဋ်မြတ်တစ်ယောက် ဂုဏ်ယူလို့မဆုံးနိုင်ပါလေ။

“မင်းကလည်း အခုနောက်ပိုင်း ငါ့တောင် လာမတွေ့တော့ဘူး”

မျိုးလွင်ရဲ့အပြောကို သူရယ်ရင်း အကဲခတ်လိုက်တဲ့အခါ အဆင်ပြေနေဟန်ရသည့် ညီအကိုနှစ်ယောက်က ဧည့်ခံပွဲကိုပင် အတူလာကြဟန်ရှိသည်။

“အဆင်ပြေသွားပြီပေါ့”

သူမေးတဲ့အခါ စိုးလွင်က သောက်စရာသွားယူဦးမည်ပြောကာ အနားမှထွက်ပြေးသွားသည်။

“အဲ့တော့...”

စကားစပေးလိုက်တဲ့အခါမှာ မျိုးလွင်က သူ့ဘေးတွင်ရပ်ရင်း ပြုံးလာသည်။ 

“သူက ငါ့အပေါ် မေတ္တာရှိနေခဲ့တာ၊ အဲ့တာကြောင့်လည်း ငါ မတော်တဆဖြစ်‌တော့ သူ့အပြစ်လို့‌တွေးပြီး ရှောင်နေခဲ့တာပဲ”

“သူက လူကောင်းလေးပါ”

“အင်း”

စိုးလွင်ရဲ့လှုပ်ရှားမှုတွေကို လိုက်ကြည့်နေသည့် မျိုးလွင်ရဲ့မျက်ဝန်းတွေက မြတ်နိုးမှုတွေအပြည့်မို့ ထွဋ်မြတ်ပြုံးမိသည်။

သူငယ်ချင်းကောင်းတစ်ယောက် အချစ်စစ်ကို ရှာတွေ့သွားပြီမို့ ထွဋ်မြတ် ဝမ်းသာမိပါ၏။

________________________________

“မဒမ်!!”

ပြုံးရွှင်ကာ အနားရောက်လာသည့် စန့်ငယ်အား ဘရဏီ ပြေးဖက်မိသည်။ 

ပါးမို့မို့နှင့် အဖြူရောင်သတို့သားလေးရဲ့အပြုံးတွေဟာ တောက်ပနေသည်မှာ စိတ်ချမ်းသာဖွယ်အတိ။

မမြင်ရတာကြာနေပြီမို့ နှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ 

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now