အပိုင်း ၁၅

1.9K 179 36
                                    

အာရုံတွေကို လက်ထဲမှစာအုပ်အပေါ် ထားရှိ‌ပေမဲ့ ကလျာစိတ်မပါ။ အိမ်တွင် ငယ်လေးမရှိတာကြောင့် တစ်ခုခုလိုနေသလို ကလျာခံစားရသည်။ ငယ်လေးက စကားများတက်သည့်ကလေးမဟုတ်သလို အိမ်ကိစ္စထဲလည်း ဝင်စွက်ဖက်တက်သည့်ကလေးလည်း မဟုတ်။ အေးအေးဆေးဆေးနေတက်ပုံလေးကကိုပင် သူ့ဟန်နှင့်သူ အိမ်အတွက် လိုအပ်ချက်လေးတစ်ခုလိုဖြစ်နေခဲ့သည်။

“ငယ်လေးက ပြန်မလာသေးဘူးလား”

မလွန်းက ခပ်တွေတွေကလေးမေးတော့ ကလျာလည်း ခေါင်းရမ်းရင်း သက်ပြင်းဖွဖွချမိသည်။ ငယ်လေးပြန်မလာသည့်ကိစ္စကို မဒမ့်ကိုပြောပြီးပေမဲ့ မဒမ်က စိတ်မပူဖို့သာပြောပြီး သူ့အားအကျိုးအကြောင်းပြောမသွားပေ။ လင်းထိုက်ကလည်း ဖုန်းဆက်တော့လည်းမကိုင်သလို အိမ်လည်းပြန်မလာပေ။

“လင်းထိုက်ကလည်း အိမ်ပြန်မလာဘူး အဆင်တော့ပြေကြပါတယ်နော်”

မလွန်းကစိုးရိမ်သလိုပြောလာပေမဲ့ သို့လော သို့လော စကားစတွေပျံ့ကုန်နိုင်သည်မို့ ကလျာ ဖတ်လက်စစာအုပ်ကလေးထဲ ကံ့ကော်ပန်းခြောက်ကလေးညှပ်ကာ ပိတ်လိုက်သည်။

“အဆင်ပြေပါတယ် ငယ်လေးက ကျောင်းစာဖက်အာရုံစိုက်နေလို့ လင်းထိုက်ကလည်း ဆောက်လုပ်ရေးဖက် အလုပ်တွေပိနေလို့ပါ ပြန်လာတဲ့အချိန်ကျ မလွန်း အားရမယ်မထင်ဘူး ကြိုက်တာလေးတွေ  မအားတမ်းလုပ်ကျွေးပေါ့”

ကလျာ့စကားမှာ မလွန်းက သဘောတကျရယ်လာပြီး ငယ်လေးတို့အကြောင်းကို ဆက်မေးဖို့ မေ့လျော့သွားခဲ့သည်ထင် အနားမှထွက်သွားကာ မီးဖိုဆောင်ထဲ ပြန်ဝင်သွားခဲ့သည်။ 

“rings rings”

ဖုန်းသံ‌ကြားတဲ့အခါ မဒမ်ခေါ်တာဖြစ်၍ ကလျာ မဆိုင်းမတွကောက်ကိုင်လိုက်သည်။

“မဒမ်”

“သားရော”

လင်းထိုက်ကိုမေးသည့်မဒမ့်အသံဟာ ဖျော့တော့နေမှန်း ကလျာသိသည်။

“ပြန်မလာဘူးမဒမ်”

လိမ်ညာတာမျိုးမလုပ်ချင်တာကြောင့် ကလျာ အမှန်အတိုင်းပြောတဲ့အခါ ဟိုဖက်ခြမ်းက တိုးဖျဖျသက်ပြင်းရှိုက်သံကို ကြားလိုက်ရသည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now