အပိုင်း ၂၅

2K 171 30
                                    

အပြင်ထွက်ချင်တယ်‌ပြောလို့ မေမေ့အတွက်ဝှီးချဲယူပြီး ပြန်လာတာကို ဘယ်လိုကနေ နွေးရသီနဲ့တွေ့ရသည်မသိ။

မေမေနေကောင်းလာလို့ စိတ်အေးချမ်းသာမယ်မကြံရသေး နွေးရသီတို့ကြောင့်နှင့် စိတ်ရှုပ်ရပြန်ပြီ။

"သား .. ဘာဖြစ်လို့လဲ"

အရိပ်အကဲလှမ်းကြည့်သည့် မေမေ့မျက်ဝန်းတွေနဲ့ တိုးတာကြောင့် စန့်ငယ် ပြုံးရင်း ခေါင်းရမ်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး အပြင်ထွက်ဖို့ အဆင်သင့်ပဲလား"

စန့်ငယ်ပြောရင်း ဝှီးချဲကို မေမေ့ရဲ့ခုတင်အနား တိုးကပ်ပေးလိုက်တော့ မေမေကတပြုံးပြုံးနှင့် Special nurse လေးက မေမေ့အား ဆွဲထူပေးလာသည်။

သူတို့နှစ်ယောက်ပေါင်းပြီး မေမေ့ကို ဝှီးချဲပေါ် အဆင်ပြေပြေထိုင်စေလိုက်ပြီး Special nurse‌ လေးက စောင်ပါးလေးယူပေး၏။

နေပူ‌နေတယ်ဆိုပေမဲ့ မေမေ့အတွက်စိတ်မချနိုင်တာကြောင့် ကိုယ်ပေါ်တွင်‌တော့ အနွေးထည်ဝတ်ဆင်စေလိုက်ပြီး ခြေထောက်တွေအပေါ်ကိုတော့ စောင်ပါးလေးလွှားအုပ်ပေးလိုက်သည်။

"ဒီလောက်ဆိုရပြီရှင့် ... လေအေးတော့သိပ်မခံပါနဲ့နော်"

"ဟုတ်ကဲ့ဗျ"

လူနာဆောင်တွေကြားထဲက ဥယျာဉ်ငယ်ဆီမေမေ့ကို ခေါ်လာခဲ့ပေမဲ့ စန့်ငယ်စိတ်ထဲ လေးလံနေခဲ့သည်။

အကြွေးချေပြီးခဲ့လို့ စိတ်အေးသွားပြီထင်ခဲ့ပေမဲ့ မေမေ့ကိုဆေးရုံအပ်ပေးတာက လင်းထိုက်တို့ဖြစ်တာကြောင့် ဒီဆေးရုံက လင်းထိုက်တို့ အဝင်အထွက်များသည့်ဆေးရုံတစ်ခုဖြစ်မှန်း စန့်ငယ် ခဏတာမေ့သွားခဲ့မိသည်။

နွေးရသီကလည်း ဒီဆေးရုံမှာပဲ ကိုယ်ဝန်အပ်ထားတာဖြစ်ပြီး လတ်တလော အကိုလင်းထိုက်ဆေးရုံတက်နေရတာကြောင့် မကြာမကြာလာဖြစ်လိမ့်မည်မှာ အသေအချာဖြစ်သည်။

ထို့ကြောင့် ဆရာဝန်နဲ့သေချာဆွေးနွေးပြီး မေမေ့ကို ဆေးရုံပြောင်းပေးဖို့ရယ် သူ့ကိစ္စကို အမှန်အတိုင်းဖွင့်ပြောဖို့ရယ်ကိုသာ စန့်ငယ် တွေးထားလိုက်တော့သည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now