အပိုင်း ၂၉

2K 165 30
                                    

“သူနဲ့စ‌တွေ့ကတည်းက သူက ကွာရှင်းပြီးသား သမီးက သူ့အတိတ်နဲ့ပတ်သတ်ပြီးလည်း ဘာမှသိခဲ့တာမရှိဘူး”

သူမ အမေရဲ့စကားတို့ကြောင့် နွေးရသီ စိတ်ရှုပ်ထွေးလာမိသည်။

မဟုတ်မှလွဲ သူမ အမေက သူမဖြူစင်ကြောင်းကို လုပ်ကြံခိုင်းပြီး သူမ နာမည်ကို ပြန်ဆယ်ဖို့ ကြံနေတာလား။

“သမီးရဲ့ဗိုက်ကိုကြည့်ပြီး သူတို့တွေ သေချာပေါက်ယုံမှာမဟုတ်ဘူး”

၆ လကျော်နေပြီဖြစ်သည်မို့ နွေးရသီ၏ဗိုက်ဟာ သိသိသာသာရှိနေပြီးသားဖြစ်သည်။

သူမရဲ့အမေဟာလည်း ထိုဗိုက်ကိုကြည့်ကာ သက်ပြင်းရှိုက်လာ၏။

“ဒီလိုဆို သမီးမှာ ရွေးချယ်ပိုင်ခွင့်နှစ်ခုရှိမယ် လင်းထိုက်နဲ့အတူ ဘဝအပျက်ခံမလား သူနဲ့ရေစက်ဖြတ်ပြီး မာမီတို့နောက်ပြန်လိုက်မလား”

“မာမီ...”

အံ့ဩလွန်းလို့ သူမ ထိုတစ်ခွန်းသာရေရွတ်နိုင်တော့သည်။

မိသားစုဒုက္ခရောက်ချိန်မှာ အကြင်နာမဲ့ပြီး တစ်ယောက်တည်းကိုယ်လွတ်ရုန်းရလောက်အောင်အထိ သူမ အောက်တန်းမကျသေးဘူး။

“သမီးမလုပ်နိုင်ဘူး မာမီလည်းသိသားနဲ့ ကိုကိုနဲ့ သားလေးကို သမီးဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး”

“သူတို့နဲ့အတူ ပြိုလဲသွားမှာကို မာမီကြည့်ရက်မယ်ထင်လို့လား”

သူမကိုအကြည့်လွှဲကာ အံကြိတ်ရင်း အတွေးနယ်ချဲ့နေသည့် နွေးရသီ။

ဘယ်လောက်ပဲ သွေးသားရင်းမဟုတ်ဘူးပြောပြော နွေးရသီက သူမအတွက်တော့ သမီးရင်းသဖွယ်ပဲလေ။

သူမသမီးကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနွံထဲမှ ဆွဲထုတ်မှဖြစ်တော့မည်။

“လေဆိပ်မှာ ဘယ်လိုဘယ်ပုံဆိုတာ သမီးသိတာပဲမဟုတ်ဘူးလား”

သူမရဲ့စကားကိုကြားတော့ နွေးရသီက သူမကို ကြည့်ရင်း လေဆိပ်က အဖြစ်အပျက်တွေကို ပြန်လည်တွေးကြည့်နေသည်။

Greenward ရဲ့ လူကြည့်အများဆုံးဖြစ်သည့် ချန်နယ်တစ်ခုမှ လင်းထိုက်နဲ့ သူမတို့နှစ်ဦးရဲ့အကြောင်းကို ထုတ်ဖော်ကြေညာတာဖြစ်သဖြင့် လူအများကပါ သူမတို့အကြောင်းကို အာရုံစိုက်နေပြီဖြစ်သည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now