အပိုင်း ၂၁

1.8K 173 12
                                    

နှာဖျားဆီ တိုးဝှေ့လာသည့်လာဗင်ဒါရနံ့တို့က စိတ်လှုပ်ရှားနေမှန်း သိသာလာတော့ သူ့ရဲ့အကြည့်တွေကို ထွဋ်မြတ် ကောင်လေးဆီမှ မခွာနိုင်ခဲ့။

သူ့အကြည့်တွေကိုဖယ်‌ရှောင်ကာ ခေါင်းငုံ့ချလိုက်တဲ့နောက် အူယားလွန်းလို့ ဆွဲဖက်ပစ်ချင်ခဲ့ပေခဲ့ ထွဋ်မြတ် ချုပ်ထိန်းလိုက်ရသည်။

“‌နေ့လည်စာမစားရသေးဘူးမလား”

“ဟုတ်တယ်ဗျ”

အခုမှသတိရသွားသလိုမျိုးပြောလာတော့ ထွဋ်မြတ်ရယ်ချင်ချင်။

“ကိုယ်ထင်လို့ ပြင်ခိုင်းထားတယ်”

“နေပါစေဗျ အလုပ်ကိုသွားရင်းပဲ ကျွန်တော်တစ်ခုခုဝယ်စားလိုက်ပါ့မယ်”

“အသင့်စားတွေလား”

ပေါင်မုန့်နဲ့အအေးတစ်ခုခု ဝယ်သောက်သွားမယ်လို့ သူတွေးနေတာကြောင့် ထွဋ်မြတ်ပြန်မေးတော့ စန့်ငယ်ဘာမှပြန်မပြောနိုင်တော့။

“ပြင်ထားပြီးသား စားသွားလိုက်ပါ”

“ဟုတ်ကဲ့”

ရောက်ဖူးထားသူပီပီ ကောင်လေးက ခြေလှမ်း‌သွက်သွက်နှင့် ထမင်းစားခန်းဆီကို ထွက်ပြေးသွားခဲ့သည်။ သူ့အနားက ထွက်ပြေးချင်တာလည်း ပါရှာမှာပေါ့။

အခုမှချစ်စကားလေးဆိုရသေး နောက်ပိုင်း သူကျူးလွန်ဖြစ်မည့်ကိစ္စတွေများဆို ဘယ်လိုဘယ်ပုံများ ဖြစ်နေလိမ့်မလဲလေ။

ခင်းကျင်းထားသည့်စားပွဲတွင်ဝင်ထိုင်ရင်း စန့်ငယ်က သူ့ကိုလှမ်းအကဲခတ်နေတာကိုလည်း သိသိသာသာတွေ့မြင်ရသေးသဖြင့် နှုတ်ခမ်းတွေစေ့လျက် ထွဋ်မြတ် ပြုံးမိရ၏။ 

“ခဏနေခဲ့ဦးနော် ကိုယ်ခရီးအတွက် အဝတ်အစားထည့်လိုက်ဦးမယ်”

“ဟုတ်ကဲ့”

ခိုးရှိုက်သက်ပြင်းတစ်ချက်ကိုပါ သူမြင်လိုက်ရတော့ ခပ်ပြုံးပြုံးနှင့် လာဗင်ဒါရနံ့တွေပျံ့လွင့်နေသည့်အခန်းထဲမှထွက်ရင်း အိပ်ခန်းဆီကို ထွဋ်မြတ်ဦးတည်လိုက်သည်။

အမှန်ဆို အဝတ်အစားကလည်း ပြင်ဆင်ထားပြီးသား။ ဝေးရမဲ့ရက်တွေအတွက် စန့်ငယ်ရဲ့မျက်နှာနုနုလေးကိုတဝကြီး‌ငေးချင်သေးတာဖြစ်ပေမဲ့ စန့်ငယ်အတွက် အချိန်ပေးဖို့ကို ထွဋ်မြတ်ဆုံးဖြတ်ခဲ့တာဖြစ်သည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now