အပိုင်း ၁၆

1.8K 173 30
                                    

“ကျွန်တော်ကွာရှင်းမှာပါ မဒမ်”

အခန်းတွင်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့သည့်မဒမ်က သူ့စကားတွေကြောင့် ခြေလှမ်းတွေကိုရပ်ကာ မယုံကြည်နိုင်သလိုဖြင့် သူ့အားငေးကြည့်လာခဲ့သည်။

‌အနီရောင်ခြယ် ဇာဝတ်စုံရှည်က လက်ရှည်ဖြစ်ပေမဲ့ မဒမ့်ကို အေးနေစေသလားမသိ လက်ပိုက်ထားလျက်မှ လက်မောင်းတွေကို ပူနွေးသွားအောင် ခဏခဏပွတ်နေ၏။

“ဟန်နီရယ် ပြန်စဉ်းစားပါဦး”

မျက်နှာထက် စိုးရိမ်ပူပန်မှုတွေပြည့်ကြပ်နေသည့် မဒမ်က အရင်လို တည်တည်ငြိမ်ငြိမ်ပင်မရှိတော့။

“တောင်းပန်ပါတယ် မဒမ် ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ”

မဒမ့်ကိုအားနာပေမဲ့ သူတကယ်ပဲ အနှိပ်စက်ခံဘဝမှာ ဆက်ပြီးမနေနိုင်တော့ဘူး။ အကိုလင်းထိုက်က မဒမ့်ကိုမလွန်ဆန်နိုင်လို့ သူနဲ့အဆင်ပြေဖို့လုပ်မယ်ပဲထား သူ့နှလုံးသားထဲကိန်းဝပ်နေပြီဖြစ်သည့် အကြောက်တရားတို့က သူ့ကိုရှေ့ဆက်ဖို့ ခွင့်ပြုနိုင်မယ်မထင်ဘူး။

“ကျွန်တော်အနှိပ်စက်ခံဘဝမှာမ‌နေချင်ဘူးမဒမ်”

သူ့စကားကိုကြားတော့ မဒမ်က ခေါက်တုံ့ခေါက်ပြန်လျှောက်နေရာမှ ရပ်တန့်သွားကာ မျက်ဝန်းတွေက ဂရုဏာသက်လျက် သူ့ရှေ့သို့လျှောက်လာခဲ့သည်။

“ဟန်နီ..”

ပါးပြင်နှစ်ဖက်ကိုအုပ်ကိုင်ရင်း မဒမ့်မျက်ဝန်းတွေထဲက ဂရုဏာတွေကို သူ အရှင်းသားတွေ့မြင်ရသည်။ ကိုယ့်ကိုယ်ကိုယ်လည်း မဒမ်က ခွင့်မလွှတ်နိုင်ပုံရ၏။

“လင်းထိုက်ကို တို့ကိုယ်တိုင်သွန်သင်မှာပါ သူ့အငယ်အနှောင်းနဲ့လည်း တို့ရအောင်ခွဲမှာ ဟန်နီကလေ ဒီအတိုင်း...ဒီအတိုင်း အနားမှာပဲနေပေးလို့မရဘူးလား”

ဖမ်းဆုပ်စရာမရှိသည့်လူတစ်ယောက်လို မဒမ်ကပြောလာတာကြောင့် စန့်ငယ် မဒမ့်ရဲ့လက်ဖဝါးနှစ်ဖက်ကိုဆုပ်ကိုင်ကာ သူ့ရဲ့ပါးပြင်ပေါ်ကနေ ခွာချလိုက်သည်။

“ကျွန်တော်က ကွာရှင်းပြီးတောင် မဒမ့်အနားမှာပဲရှိမှာမို့ စိတ်မပူပါနဲ့ ကျွန်တော်က အကိုလင်းထိုက်နဲ့ ဆက်ဆံရေးကို အဆုံးသတ်ချင်ရုံပါပဲ”

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now