အပိုင်း ၂၀

2K 183 30
                                    

ငယ်လေးတို့ကိုကျောင်းမပို့ခင် ဆေးရုံကိုဝင်နေကျဖြစ်သည်မို့ စန့်ငယ် ဒီနေ့လည်း ရောက်ဖြစ်သည်။
သားသမီးတွေကိုမြင်ရတာကြောင့် မေမေ့မျက်နှာဟာ အရင်တုန်းကထက်ပင် လန်းလာပြီ။

အလုပ်ရသွားပြီပြောတော့ မေမေက ပင်ပန်းနေလား အရင်မေးသည်။ ခေါင်းရမ်းရင်း အရာရာအဆင်ပြေတဲ့အကြောင်း စန့်ငယ် ပြောပြဖြစ်သည်။ ဆိုင်ကဝန်ထမ်းဝတ်စုံလေးကို မေမေ့ကိုဝတ်ပြချင်ပေမဲ့ စည်းကမ်းတင်းကြပ်သည့်ဆိုင်က ဝတ်စုံကို ဆိုင်ပြင်ပတွင် ဝတ်ခွင့်မပေး။
ပြဿနာတစ်စုံတစ်ရာဖြစ်လာပြီး ဆိုင်အတွက် ထိခိုက်မည်ကိုစိုးသဖြင့် ခွင့်မပေးထားတာကြောင့် ဆိုင်တွင်းတွင် ဓာတ်ပုံရိုက်ခဲ့ပြီး မေမေ့အားပြရသည်။

သူပျော်နေတာကို သိနေတာကြောင့် မေမေက တပြုံးပြုံး။

“ဒီပုံအတိုင်းဆို မင်းတို့အမေတော့ ဆေးရုံဆင်းနိုင်တော့မယ်နဲ့တူတယ်”

ပျော်စေချင်သည့်ဆန္ဒဖြင့် ဆရာဝန်ကပြောသည့်အခါ စန့်ငယ်စိတ်ထဲ ကြည်နူးရသည်။ အဲ့လိုသာဖြစ်ရင် ကောင်းမတဲ့ပေါ့။

မေမေ့အ‌ခြေအနေက အဆိုးကြီးမဟုတ်ပေမဲ့ ဆေးရုံကတော့ မဆင်းရသေး။ နေ့စဉ်ပုံမှန် စစ်ဆေးနေရသည့်အပြင် တစ်ခါတစ်ရံမေမေက အိပ်ယာထဲမှ မထနိုင်တာမျိုးတွေလည်းရှိသည်။ 

“တာ့တာနော် မေမေ မနက်ဖြန်ကျ မီးမီးကိုယ်တိုင် ချက်ခဲ့မယ်”

“ဟုတ်ပါပြီကွယ် ကျောင်းမှာ ပျော်ခဲ့နော်”

သုံးယောက်သား မေမေဆီကပြန်ခဲ့ကြတော့ ဆေးရုံအပြင်တွင် လင်းထိုက်တို့နှင့်တိုးသည်။ ကြောက်စိတ်ကိန်းမိပေမဲ့ နွေးရသီကို ဆေးခန်းလာပို့ဟန်ရတာကြောင့် မသိဟန်ဆောင်ပေးလိုက်သည်။

“အဲ့ဒါ ရှင်းစန့်ငယ်လား”

ကျောဖက်မှ သူ မကြားကြား‌အောင်ခေါ်သည့် နွေးရသီရဲ့အသံကို သူကြားတာကြောင့် ခြေလှမ်းတွေကိုရပ်ကာ မပြောချင်တဲ့စကားတွေပြောရဦးမှာမို့ သက်ပြင်းတချက်နှင့် ငယ်လေးတို့ကို ဆေးရုံရှေ့ကဆိုင်မှာ စောင့်နေဖို့ ပြောလိုက်သည်။
ငယ်လေးတို့ကလည်း လိမ္မာပါးနပ်စွာ သူပြောတဲ့အတိုင်း ဆေးရုံရှေ့ရှိ Queen ice cream ဆိုင်ထဲ ဝင်သွားကြသည်။ 

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now