အပိုင်း ၃

2.1K 199 6
                                    

လာဗင်ဒါ။

ရနံ့ဟူသည်‌မွှေးပျံ့ထုံသင်း၏။

ခရမ်းရောင်လာဗင်ဒါပန်းခင်းကြီးထဲရောက်သွားသလို ခံစားချက်ကိုပေးစွမ်းနိုင်သည့် ပန်းချီကားတချပ်။

ထိုပန်းချီထဲ ကလေးငယ်တစ်ယောက်ရဲ့အပြုံးကိုလည်း ပန်းချီဆရာက ကြည်နူးအေးချမ်းဖွယ်ကောင်းအောင် ခြယ်မှုန်းထားလေ၏။

ထိုပန်းချီကားချပ်ဟာ Precious group ပိုင်သည့်  Gallery တွင်ပြသထားခြင်းဖြစ်ရာ ထိုပန်းချီကားချပ်အား ထွဋ်မြတ်ရာဇာ စတိုင်ပင်န်ထဲလက်လျိုကာ ရပ်ကြည့်နေ၏။ Navy blue suit နှင့် သူ့အသားအ‌ရည်ကလိုက်ဖက်လွန်းနေသဖြင့် Gallery ထဲရပ်နေရုံဖြင့်ပင် ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေသည်။

“ဒါ ဒီတစ်ခေါက်ဆုပေးပွဲမှာအနိုင်ရသွားတဲ့ပန်းချီကားပါ”

ပြခန်းမှူးက အနားကိုအပြေးအလွှားရောက်လာကာ ထွဋ်မြတ်အားပြော၏။ ပြခန်းမှူးအားတချက်သာငဲ့ကြည့်ပြီး သူ့အကြည့်အားလုံးကို ပန်းချီကားချပ်အပေါ်သို့ ပြန်ပို့လိုက်သည်။

Precious group က အမြဲတမ်းလိုလို တက်သစ်စ ပန်းချီဆရာတွေ၊ ရွက်ပုန်းသီးပန်းချီဆရာတွေအားလုံးကို ပြိုင်ပွဲတွေပြုလုပ်ကာ ဖော်ထုတ်ပေးနေကျပင်ဖြစ်သည်။ ပန်းချီကားချပ်တွေကိုသဘောကျသည့်ဖိုးဖိုးက ဒီပွဲကိုစလုပ်ဖို့ အကြံရသွားခြင်းဖြစ်သလို ဖိုးဖိုးမရှိတော့သည့်နောက်ပိုင်းတွင်လည်း သူတို့ Group က အစဉ်အလာမပျက် ကျင်းပနေစဲဖြစ်သည်။

“ငါ့ဆီကိုပို့လိုက်”

တစ်ခွန်းတည်းပြောပြီးလှည့်ထွက်သွားသည့် ထွဋ်မြတ်ဟာ မည်သူ့ကိုမှဂရုစိုက်ဟန်မရ။ ပြခန်းမှူးမှာတော့ ခါးကျိုးမတက် နှုတ်ဆက်ပြီးမှ ကိုယ်ကိုမတ်ကာ သက်ပြင်းလေးခိုးရှိုက်ရသည်။ ထွဋ်မြတ်ရာဇာဆိုတဲ့လူက ဘယ်သူ့ကိုမှဂရုမစိုက်တာလည်းမပြောလေနှင့် မိသားစုအသိုင်းအဝိုင်းကြီးမှ ဆင်းသက်လာသူဖြစ်သလို သူကိုယ်တိုင်ဟာလည်း စီးပွားရေးလောကတွင် ဘုရင်တစ်ဆူပေဖြစ်၏။

ထွဋ်မြတ်တို့အဖိုးက Greenward တနယ်လုံးကို ဖွံဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံ‌ဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်သည်။ Greenward ရဲ့အုတ်မြတ်ဖြစ်ခဲ့ပြီး ထွဋ်မြတ်ရဲ့အဖေနှစ်ဦးက နယ်တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သူ‌တွေဆိုလည်းမမှားပေ။
Greenward တနယ်လုံးရှိ စီးပွားရေးလုပ်ငန်းအားလုံးတွင် ရှယ်ယာအများဆုံးရင်းနှီးမြုပ်နှံသူအဖြစ်လည်း ထွဋ်မြတ်တို့မိသားစုက ရှိနေခဲ့သည်။
ထို့ကြောင့် ပြည်နယ်ဝန်ကြီးကအစ ထွဋ်မြတ်တို့မိသားစုကိုဆိုလျှင် ‌တလေးတစားရှိရသည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now