အပိုင်း ၂၆

1.9K 156 32
                                    

နားအနောက်ဖက်မှ ထွဋ်မြတ်ရဲ့အသံကို ကြားရတာဟာ စန့်ငယ် တကိုယ်လုံးအပေါ် ရေခဲလှိုင်းဖြတ်သွားသလိုပဲ။

“ခ~ ခဏလေးပါ”

ရုန်းထဖို့လုပ်ပေမဲ့ သူ့ခါးတဝိုက်ကို လက်တွေက တင်းတင်းကြပ်ကြပ်ရစ်သိုင်းထားတာကြောင့် ထင်သလို ထမရတော့။

“ဦး~”

“ဟင်.. ဖြေဦးလေ”

အသက်ရှုလိုက်တိုင်း လေတို့ကပါးပြင်ကို လာရိုက်ခတ်သလို ပါးပြင်ချင်းတိုးတိုက်ကာမေးလာတော့ စန့်ငယ်မနေတက်‌တော့။

“ကျွန်တော်...”

“ကိုယ့်ကို လက်မထပ်ချင်ဘူးလား”

တွန့်ဆုတ်နေမိတော့ ထွဋ်မြတ်ကမေးလာတာကြောင့် စန့်ငယ် ခေါင်းရမ်းမိသည်။

“အဲ့လိုမဟုတ်ပါဘူး ကျွန်တော့်မှာ စိုးရိမ်စရာရှိလို့”

“ဘာကိုလဲ”

“ကျွန်တော်က တစ်ခါလက်ထပ်ပြီးသား လက်ထပ်တာနဲ့ပတ်သတ်ပြီး အမှတ်တရဆိုလို့လည်း နာကျဉ်မှုတွေကလွဲပြီး ဘာမှမရှိခဲ့ဘူး ဒုတိယတစ်ခါ လက်ထပ်ရမှာကို ကြောက်နေမိတယ်”

“မင်းလေးက ကိုယ့်ကိုမယုံဘူးလား”

“မဟုတ်ပါဘူး ဦးထွဋ်မြတ်ကိုယုံပါတယ် ကျွန်တော့်အတွင်းစိတ်က ကြောက်လန့်နေမိတာ”

“ကိုယ်မင်းကို အဲ့လိုမဖြစ်စေရဘူးလို့ ကတိပေးထားတယ်မဟုတ်လား”

စုတ်ပြတ်သတ်ခဲ့တဲ့ သူ့ဘဝကြီးကိုကယ်တင်ပြီး အဲ့စကားပြောကာ သူ့အား စိတ်အေးချမ်းသာရှိစေခဲ့တာ အမှန်ဖြစ်သည်ပင်။ 

“ပြီးတော့ မင်းအတွက် အရာအားလုံးဖြည့်ဆည်းပေးချင်တာကိုယ့်ဆန္ဒလို့ မပြောခဲ့ဘူးလား”

အလုပ်ပေးတဲ့နေ့က သူ့ကိုထုတ်ပြောခဲ့တာဖြစ်သလို သူသည်လည်း ရင်တွေခုန်ပြီး မျက်ရည်ဝဲမတက် ခံစားခဲ့ရတာဖြစ်သည်။

“အဲ့ဒါကြောင့် ကိုယ့်ကို အကောင်းဖက်ကမြင်ပြီး လက်ခံပေးလို့မရဘူးလား”

ပါးပြင်ကို ပြန်လည်တိုးတိုက်ကာရယ် သူ့အားမေးလာ၏။

“ခဏလေး ကျွန်တော်စဉ်းစားချင်လို့”

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now