အပိုင်း ၁၃

1.8K 190 17
                                    

“စောင့်ဆိုင်း‌စေမိလို့အားနာတယ်ဗျာ”

အတွေးကမ္ဘာထဲ လည်ပတ်နေမိသည့်သူ့ကို ထွဋ်မြတ်က လက်ရှိကမ္ဘာသို့ ပြန်ရောက်စေ၏။

“ရပါတယ် မကြာသေးပါဘူးသားရယ်”

အပြုံးတွေနဲ့ သူမ မော့ကြည့်လိုက်တဲ့အခါ ထွဋ်မြတ်က ခေါင်းညိတ်လို့ မျက်နှာချင်းဆိုင်ခုံတွင် ထိုင်၏။
ခြေချိတ်လျက် ဒူးပေါ်လက်တွေယှက်တင်လိုက်သည့်ထွဋ်မြတ်ရဲ့ မျက်နှာအမူအယာက သူမ ရောက်လာသည်ကိုပင် အေးဆေးတည်ငြိမ်လျက်ရှိသည်။

ထိုသည်က စန့်ငယ်နဲ့ထွဋ်မြတ်တို့ကြားက ဆက်ဆံရေးကို သူမသိထားပြီဆိုတာကို အလေးမထားတာများလား မဟုတ်ရင် သက်သေမခိုင်လုံပဲ အပြောသက်သက်ဖြစ်သည့် သူမသားကပဲ မှားယွင်းနေခြင်းကြောင့်လား တွေးစရာဖြစ်နေသည်ပင်။

“အန်တီမေးချင်တာလေးရှိလို့လေ”

သူမ စကားစလိုက်သည့်အခါ ထွဋ်မြတ်က‌လည်း နားစွင့်နေဟန်ရတာကြောင့် သူမ ပွင့်ပွင့်လင်းလင်းမေးဖို့ကိုပဲ ဆုံးဖြတ်လိုက်တော့သည်။

“စန့်ငယ်က ဒီမှာလား သား”

“ဟုတ်ပါတယ်”

မဆိုင်းမတွပြန်ဖြေပုံက ဖုံးကွယ်လိုခြင်း အလျင်းမရှိကြောင်းပြသလျက်။ ထွဋ်မြတ်ရဲ့မျက်ဝန်းတွေကပါ စိုးရိမ်မှုအလျင်းမရှိလေတော့ သူမ ရင်ထိတ်မိသည်။

“အမှတ်အသားဖျက်တယ်ဆိုတာ တကယ်ပဲလား”

“ဟုတ်ကဲ့ ဖျက်ပြီးသွားပါပြီ”

ထိုစကားက သူ့မ စိတ်ထဲ မိုးကြိုးပစ်ချသွားသလိုပဲ။ စန့်ငယ်လေးက လိမ္မာသိတက်တဲ့ကလေးမို့လို့ သူမ မသိပဲ အခုလိုလုပ်လိမ့်မည်လို့ ထင်မထားခဲ့သဖြင့် ကြားရသည့်စကားတို့ကို မယုံနိုင်။ ထွဋ်မြတ်ရဲ့ပုံစံဟာလည်း လိမ်ညာ‌နေဟန်မရလေတော့ ဘရဏီရဲ့စိုးရိမ်စိတ်တို့ဟာ တရိပ်ရိပ်တက်လို့လာ၏။

သို့ပေမဲ့ တုန်လှုပ်နေလို့မဖြစ်ချေ။ သူမသား‌ပြောသည့် ဒုတိယကိစ္စတစ်ခုက အမှန်ဖြစ်ရဲ့လားဆိုတာ သူမ သိရဦးမည်မို့ အမူအယာတွေထိန်းသိမ်းရင်း ထွဋ်မြတ်အား ထပ်မေးလိုက်သည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now