အပိုင်း ၈

1.8K 189 8
                                    

အခန်းထဲဝင်ဝင်ချင်း အပေါက်ဝတင် လင်းထိုက်နှင့်တိုးတာကြောင့် ခြေလှမ်းတွေပြန်ရုတ်ပြီး စန့်ငယ်လှည့်ထွက်လိုက်သည်။

“ရှင်းစန့်ငယ်!”

နောက်ပါးမှ လှမ်းခေါ်သံကိုကြားတာကြောင့် စန့်ငယ် လင်းထိုက်ကို မဝံ့မရဲလှည့်ကြည့်ကာ ခြေစုံရပ်ရင်း လက်ထဲမှ စာအုပ်တို့ကိုသာ တင်းတင်းပိုက်ထားမိသည်။

‌ခပ်လှမ်းလှမ်းရောက်သည်အထိ လျှောက်လှမ်းလာသည့်လင်းထိုက်ကြောင့် ကြောက်လန့်မိ၍ စန့်ငယ်မျက်လွှာတွေကိုချထားရင်း ဆွဲကုပ်နေမိသည့်ခြေချောင်းဖြူလေးတွေကိုပဲ စိုက်ကြည့်နေလိုက်သည်။

“အရင်‌နေ့က မေမေငါ့ကိုမေးသေးလား”

တနေ့ညက မဒမ်အိမ်လာသည့်အကြောင်းကိုမေးတာဖြစ်၍ စန့်ငယ် ခေါင်းရမ်းပြလိုက်သည်။ အဲ့သည့်နေ့က လင်းထိုက် သာမာန်ထက်ပိုပြီး အိမ်ပြန်နောက်ကျခဲ့ပေမဲ့ မဒမ်ကတော့ ဘာမှ‌မမေးသွားပါ။
သူစာသင်‌နေတဲ့အတောအတွင်း အဆင်ပြေရဲ့လား၊ အတူသင်သည့် ကလေးအကြောင်းနှင့် ဆရာ့အကြောင်းတွေသာမေးပြီး ညဖက်ကြီး ပြန်သွားခဲ့တာဖြစ်သည်။

“သေချာလား”

ခေါင်းထပ်ညိတ်လိုက်သည့်နောက် လင်းထိုက်က ယုံကြည်သွားသည့်သဘောမျိုးဖြင့် ခေါင်းတချက်ညိတ်ကာ အခန်းထဲပြန်ဝင်သွားခဲ့သည်။

သက်ပြင်းလေးခိုးရှိုက်ရင်း စန့်ငယ် ဘေးအခန်းဆီကိုပဲ စာလုပ်ဖို့ထွက်ခဲ့လိုက်သည်။ ခုတလော လင်းထိုက်က သူ့အားရန်မရှာတော့သလို ခံစားချက်လည်း ကောင်းနေပုံရ၏။ အိမ်ပြန်နောက်ကျတက်ရုံကလွဲပြီး သူ့ကိုအပြစ်လည်းမပြောတော့။

စိတ်အေးလက်အေး စာလုပ်နိုင်တော့မည်မို့ စန့်ငယ် စားပွဲပေါ် စာအုပ်ကလေးတွေချကာ တပြုံးပြုံးနှင့်။
စာအုပ်တွေနှင့်အတူယူဆောင်လာတဲ့ ဖုန်းလေးကိုပါ စားပွဲပေါ်အသာချလိုက်သည်။ Social media မသုံးတက်သည့် စန့်ငယ်က ရှိန်းကြောင့် Instagram ဆိုတဲ့ application လေးတစ်ခုကို အသုံးပြုတက်လာခဲ့သည်။ စာမေးချင်ရင် အဲ့သည့်ကမေးဟုဆိုကာ စန့်ငယ်အား account ကိုယ်တိုင်ဖွင့်ပေးသွားသည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now