အပိုင်း ၁၄

1.9K 187 33
                                    

“ဖြန်း”

ပါးတစ်ခြမ်းထူပူသွား၍ လင်းထိုက်ရဲ့မျက်ခုံးကြောတွေတွန့်ရှုံ့ကုန်သည်။

လင်းထိုက်ကို ဘရဏီ အခုလိုရိုက်ဖူးတာလည်း ပထမဆုံးအကြိမ်ဖြစ်သလို သူမရိုက်မိရသည့်အကြောင်းအရင်းက စန့်ငယ်ကြောင့်။

အမှားကိုသိမြင်စေချင်လို့ သူမဆုံးမတာမို့ သူမသား နားလည်ပေးဖို့ကိုတော့ ဘရဏီ မျှော်လင့်မိပါ၏။

“မေမေ့ရဲ့ယုံကြည်ချက်တွေကို အခုလိုပဲရိုက်ချိုးလိုက်တယ်ပေါ့လေ!”

ဘရဏီ အတော်လည်းဒေါသဖြစ်မိပါ၏။

တစ်ဦးတည်းသောသားလေးအပေါ် ယုံကြည်ချက်အပြည့်နှင့် ဒီကလေးကို လက်ထဲထည့်ပေးလိုက်ကတည်းက သေချာစောင့်ရှောက်လိမ့်မယ်လို့ပဲ တွေးထားခဲ့သည်။
အခုတော့ ကလေးကိုရိုက်နှက်တဲ့အပြင် သူမ လုံးဝ ခွင့်မလွှတ်နိုင်တဲ့ဖောက်ပြန်မှုမျိုးကိုပါ ကျုးလွန်လိုက်သေးသည်။

“သား သူ့ကိုဖြတ်ရင်ဖြတ် မဟုတ်ရင် မေမေကိုယ်တိုင်ဖြတ်မယ်”

ထို့စကားကြောင့် လင်းထိုက်က မပီမပြင်ပြုံး၏။

“ရှင်းစန့်ငယ်တောင် ဖောက်ပြန်သေးတာပဲ ကျွန်တော်လည်း ဘာလို့မရ၊ရမှာလဲ”

“မင်း...”

လင်းထိုက်က ခံပြင်းစွာသာ အံ့ကြိတ်နေလေတော့ ဒီအတိုင်းဆက်သွားလို့မဖြစ်သေးဘူးမို့ ဘရဏီ စိတ်လျော့လိုက်ရသည်။

“စန့်ငယ်နဲ့ထွဋ်မြတ်က ဘာမှမဟုတ်ဘူး မင်းအထင်လွဲနေတာ”

သူမရဲ့စကားကိုကြားတော့ လင်းထိုက်က မယုံကြည်နိုင်သည့်မျက်ဝန်းတို့နှင့်ကြည့်လာ၏။

“ကျွန်‌တော်မယုံဘူး ပြီးတော့ ဘယ်မှာလဲ သက်သေ မေမေကိုယ်တိုင်သက်‌သေပြရင်တောင် ကျွန်တော် ရှင်းစန့်ငယ်ကိုမယုံဘူး”

“ထွဋ်မြတ်ကိုယ်တိုင် မဟုတ်ဘူးလို့ဝန်ခံခဲ့တာ”

“ဟော... ထွဋ်မြတ်ရာဇာအပြောတစ်ခုနဲ့တင် မေမေက ယုံလိုက်တယ်ပေါ့”

သူမသားမယုံမကြည်ဖြစ်ရသည်ကိုလည်း နားလည်ပေးနိုင်ပေမဲ့ စွပ်စွဲပြောဆိုနေတာကြီးကိုတော့ မဖြစ်စေချင်တာအမှန်ပင်ဖြစ်သည်။
စုံစမ်းရေးကုမ္ပဏီမှ ယုံကြည်သူတစ်ဦးကို ဒီအကြောင်းတွေနဲ့ပတ်သတ်ပြီး စုံစမ်းခိုင်းခဲ့တာဖြစ်ပေမဲ့ ထွဋ်မြတ်တို့ကြားထဲ တကယ်ပဲ ဘာကိစ္စမှရှိမနေတာကို သူမ တွေ့ရှိခဲ့ရသည်ပင်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Donde viven las historias. Descúbrelo ahora