အပိုင်း ၂၈

2K 156 30
                                    

ဈာပနပွဲကို အသိမိတ်ဆွေတွေ တက်ရောက်လာပေးကြသည်။

ကျောင်းတုန်းက သူငယ်ချင်းအချို့ပါ လာရောက်ပေးကြပြီး အားပေးစကားပြောသူပြော ဂရုဏာမျက်ဝန်းနှင့်ကြည့်သူကြည့်။

မေမေ့ဆေး‌ဖိုးအတွက် ရည်ရွယ်စုဆောင်းထားတဲ့ငွေတွေက ဈာပနပွဲအတွက်သာ ဖြစ်ခဲ့ရသည်။

ထောင့်ကျသည့် ထိုင်ခုံတန်းရှည်တွင်ထိုင်နေသည့် မောင်နှမနှစ်ယောက်ကတော့ နေ့လည်စာစားချိန်ရောက်နေတာတောင် တိတ်တဆိတ်‌ငိုနေကြစဲ။   

“ထမင်းစားကြဦး‌လေ”

သူဝင်ထိုင်ရင်းပြောလိုက်တော့ နှောင်းငယ်ကိုမှီရင်း တရှုံ့ရှုံ့ဖြစ်နေရာမှ ခေါင်းထောင်ကြည့်လာသည့်နှင်းငယ်က ပြန်ဖြေလာ၏။

“မစားချင်ဘူး”

မေမေက အဲ့လိုဖြစ်စေချင်မှာမဟုတ်ဘူးလို့ စန့်ငယ် ပြောမထွက်၊ အဲ့စကားက မေမေ့ကိုသတိရစေပြီး ပိုဝမ်းနည်းစေနိုင်တာမို့။

“ကိုကိုလည်း အတူတူပါပဲ”

ပခုံးလေးကိုတင်းဖက်လိုက်တော့ နှင်းငယ်က ရင်ခွင်ထဲမျက်နှာအပ်ကာ ခါးကိုတင်းနေအောင်ဖက်ရင်း ငို၏။

‌ဖေဖေဆုံးတုန်းကတော့ မေမေက သူတို့ကိုနှစ်သိမ့်နိုင်ခဲ့ပါရဲ့။ သေဆုံးခြင်းက တကယ်တမ်းတော့ အဆုံးသတ်တစ်ခုမဟုတ်ပါဘူးတဲ့။

ဘဝသစ်ရဲ့ စတင်ခြင်းတစ်ခုဖြစ်နိုင်တာမို့ ဖေဖေ့လိုလူကောင်းတစ်ယောက်က ကောင်းမွန်တဲ့ဘဝကိုရမှာ သေချာပေါက်မို့ ဝမ်းနည်းစရာမလိုပါဘူးတဲ့။

အဲ့စကားကိုအမှန်ထင်ပြီး သူစိတ်တင်းနိုင်ခဲ့ပေမဲ့ တကယ်တမ်းက မေမေညာခဲ့မှန်း သူသိလိုက်ရသည်။

သေလွန်ပြီးတဲ့အခါ ဘယ်ဆီကိုရောက်သွားမည်မှန်း တပ်အပ်မပြောနိုင်တော့ဘူးမဟုတ်လား။

သားသမီးတွေ ပြိုလဲကျသွားမှာကို မလိုချင်လို့သာ မေမေက သန်မာချင်ယောင်ဆောင်ပြီး ပြောပြခဲ့တာ။

အခုတော့ မေမေရဲ့စိတ်ကို သူအပြည့်အဝနားလည်နိုင်ပြီနဲ့တူပါရဲ့။

“လာ ထ ... နည်းနည်းဖြစ်ဖြစ် စားလိုက်ရအောင် ကိုကို ဗိုက်ဆာသလိုပဲ”

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now