အပိုင်း ၁၈

1.8K 185 25
                                    

ဦးထွဋ်မြတ်က သူစိတ်မပူရအောင် မဒမ့်သတင်းအား သူ့နားထဲအမြန်ဆုံးရောက်စေသည်မို့ စန့်ငယ် ဆေးရုံရောက်ခဲ့သည့် အဲ့သည့်နေ့ညနေပိုင်းမှာပဲ မဒမ်ဆေးရုံဆင်းသွားသည့်အကြောင်းကြားရသည်။

တွေ့ချင်တာကြောင့် ဖုန်းနဲ့အဆက်အသွယ်လုပ်ပေမဲ့ မဒမ်ဟာဖုန်းမကိုင်။ အန်တီကလျာကို ဖုန်းဆက်ပြီးအကျိုးအကြောင်းမေးတဲ့အခါ မဒမ်အဆင်ပြေကြောင်းကြားရပေမဲ့ မဒမ်က သူ့ကိုအားနာနေတာကြောင့် ရင်မဆိုင်ဝံ့ကြောင်းကိုပါ ပြောသည်။

မဒမ်နှင့်တိုက်ရိုက်မပြောရတာကြောင့် အန်တီကလျာကိုပဲ မဒမ့်အပြစ်မဟုတ်ကြောင်း သူခွင့်လွှတ်ကြောင်း ပြောပေးဖို့တောင်းဆိုလိုက်ရသည်။ အန်တီကလျာကလည်း သူ့အား ဂရုစိုက်ဖို့နှင့် မဒမ့်အားအချိန်ပေးဖို့ကိုပြောသွားသည်။

ဦးထွဋ်မြတ်ပြောသည့်သတင်းအရဆိုရင် နွေးရသီက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ မဒမ် သူ့ကို ရင်မဆိုင်ဝံ့တာ အဲ့သည့်အကြောင်းကလည်း သေချာပေါက် ပါလိမ့်မည်။ မဒမ့်အမှားမဟုတ်ဘဲ မဒမ်က ဘာကြောင့်များ မဆီမဆိုင် သူ့ကိုအားနာနေရသလဲလေ။

ရင်လေးမိပေမဲ့ အန်တီကလျာပြောသလိုပဲ မဒမ့်ကို အချိန်ပေးဖို့သာ စန့်ငယ်ဆုံးဖြတ်ခဲ့သည်။

_________________________________

“ကျေးဇူးတင်ပါတယ်ဗျ”

ဦးထွဋ်မြတ်ရဲ့အသိမိတ်ဆွေ ကိုခိုင်ယံက ကွာရှင်းမှုကိစ္စကို ချောချောမွေ့မွေ့ဆောင်ရွက်ပေးနိုင်ခဲ့၍ သူတို့တဝိုင်းလိုက်ကျွေးတာပေမဲ့ စန့်ငယ် ငွေမထုတ်ရပြန်ဘူး။ ဦးထွဋ်မြတ်က ဆိုင်နေရာမှစ စားသောက်ပွဲအထိ အစအဆုံးစီစဉ်ကာ စန့်ငယ်က ဘေးမှာ အေးဆေးရှိနေရုံလေး။

အားနာပေမဲ့လည်း အကူအညီမလိုဘူး‌ပြောတိုင်း မျက်‌ခုံးကြောတွေတွန့်ရှုံ့ကာ စူးစိုက်ကြည့်နေမည့်ပုံစံအား မမြင်ချင်၍ စန့်ငယ် ဦးထွဋ်မြတ် စီစဉ်သမျှကို ခေါင်းညိတ်ရသည်။

“မလိုပါဘူး ထွဋ်မြတ်ရဲ့မိတ်ဆွေပဲဟာ ဒီလောက်တော့ကူညီရမှာပေါ့”

အပြုံးနှင့်ပြောသည့် ကိုခိုင်ယံအပြင် ဦးထွဋ်မြတ်ကလည်း စန့်ငယ်ကို ပြုံး၍ စိုက်ကြည့်နေခဲ့သည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now