အပိုင်း ၁၁

1.8K 193 18
                                    

“သူ့ကို ငါကာကွယ်မှာ”

ကြားလိုက်ရသည့်စကားတို့ကြောင့် လူက‌သာ မှင်သက်နေပေမဲ့ နှလုံးသားလေးကတော့ ဘာရယ်မသိ စည်းချက်တွေမြန်လာခဲ့၏။

တစ်ယောက်ယောက်က သူ့အတွက် အဲ့လိုပြောတာမျိုး စန့်ငယ်မကြားဖူးခဲ့ဘူး။

သူ့လိုလူမျိုးကို ဘာလို့များ ကာကွယ်ချင်ရတာလဲ။

မျိုးလွင်က သူငယ်ချင်းဖြစ်သူထွဋ်မြတ်ရဲ့စကားကို ခေါင်းရမ်းသက်ပြင်းချရင်းမှ အခန်းဝတွင် ရပ်နေမိသည့်စန့်ငယ်အားမြင်သွားသည်။
မျိုးလွင်ရဲ့အကြည့်ကြောင့်ပဲ ထွဋ်မြတ်ကလည်း စန့်ငယ် အားလှည့်ကြည့်၏။

အတွေးတို့နှင့်ငေးနေမိတဲ့ စန့်ငယ်ဟာလည်း ထွဋ်မြတ်ရဲ့မျက်ဝန်းညို့တွေရဲ့အကြည့်နှင့်တိုးမှ...

“ဟို...ကျွန်တော် ခိုးနားထောင်တာမဟုတ်ပါဘူး”

လက်ကလေးကာရမ်းလို့ မလုံမလဲဖြေရှင်းချက်ပေးရသည်။

“လာ လာ...အကိုတို့က ပြောနေတာပြီးပြီ”

မျိုးလွင်ကဖော်ရွေစွာခေါ်သဖြင့် ရေးရေးကလေးပြုံးကာ ခေါင်းညိတ်လိုက်ပြီး ထွဋ်မြတ်အား လှမ်းကြည့်မိ၏။
ထွဋ်မြတ်ကအိမ်ရှင်ဆိုတော့ အရိပ်အခြေကြည့်သည့်သဘောမျိုးသာ။
ထိုသည်ကိုသိနေသည့် ထွဋ်မြတ်ကလည်း နေရာမှထလာကာ စန့်ငယ်အားတွဲခေါ်၏။

“လာ...ကိုယ့်အနားမှာဆို မင်းစိတ်ကြိုက်လုပ်ဖို့ပြောထားတယ်လေ”

စန့်ငယ်ရဲ့ပခုံးလေးကို မတိတထိနှင့် ထွဋ်မြတ် တွဲခေါ်လာသည့်မို့ မျိုးလွင်အကဲခတ်ရင်း ရယ်ချင်ချင်။

သူ့သူငယ်ချင်းက ဒီကောင်လေးနှင့်ကျမှ သိပ်ကို ပိုလွန်းနေပါရောလား။

နေရာချပေးသည့်ခုံတွင်ထိုင်ကာ မျက်ဝန်းလေးပင့်ကာ မျိုးလွင်အားကြည့်ရင်း စန့်ငယ်က တချက်ပြုံးပြသည်။
တစ်ခါနှစ်ခါပဲတွေ့ဖူးထားသည့်ဆက်ဆံရေးမို့ မျိုးလွင်ရှေ့တွင် သက်တောင့်သက်သာမရှိစွာ ပေါင်ပေါ်ကို လက်ကလေးတွေတင်လို့ ကျစ်ဆုပ်ထား၏။

“သက်တောင့်သက်သာနေပါ ထွဋ်မြတ်အိမ်လည်း မင်းအိမ်ပဲပေါ့ မဟုတ်ဘူးလား”

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Место, где живут истории. Откройте их для себя