အပိုင်း ၃၀

2.1K 163 16
                                    

“သတိထား”

သူ့လက်တွေကိုတွဲကာ ထိုင်ဖို့ပြင်ပေးသည်ကိုပင် ထွဋ်မြတ်က ဂရုတစိုက်နှင့်။ မသိရင် သူကပဲ မွေးကာနီးဖွားကာနီးလိုလို။

“ဘာစားချင်တာရှိလဲ၊ ကိုယ်ချက်ချင်းပြင်ပေးမှာမို့‌ ပြောနော်၊ ကလေးအတွက် လိုအပ်တာတွေလည်း ဝယ်ရဦးမယ်၊ ပြီးတော့ အခုမင်းကိုနွေးနွေးထွေးထွေးထားရအောင် ကိုယ် ‌အဝတ်သွားယူလိုက်ဦးမယ် ခဏစောင့်”

“အဲ့ဒီလောက်ကြီး မလိုသေးပါဘူး ဦးထွဋ်မြတ်ရယ်”

သိပ်ကိုစိတ်လှုပ်ရှားနေပြီး အပေါ်ထပ်‌တက်ဖို့ခြေလှမ်းပြင်နေပြီဖြစ်သည့် ထွဋ်မြတ်အား စန့်ငယ် လှမ်းတားလိုက်ရသည်။

“လာဦး၊ ကျွန်တော့်နားမှာထိုင်”

လက်တွေကိုဆုပ်ကိုင်ထားရင်းမှ သူပြုံးရင်း...

“ကျွန်‌တော်အဆင်ပြေတယ်သိလား”

ထိုမှ စိတ်ကိုလျော့ချရင်းက အနည်းငယ် လန်းရွှင်လာခဲ့သည်။

ဆရာဝန်က ကလေးအတွက်ကော သူ့အတွက်ပါ လိုအပ်မဲ့ ဗီတာမင်အားဆေးတွေ ပေးလိုက်သည်။

ကိုယ်ဝန်ဆောင်သည့် အစောပိုင်းလတွေမှာ ထိခိုက်လွယ်သည့်အပြင် သူက ပုံမှန်မဟုတ်တဲ့ Omega တစ်ယောက်ဆိုတော့ ကိုယ်ဝန်အတွက် အထူးဂရုစိုက်ဖို့လည်း မှာကြားသည်။

အခြေခံလိုအပ်တာကတော့ အိပ်ရေးဝဝအိပ်ပြီး အဟာရပြည့်သည့်အစားအစာ‌တွေကို များများစားပေးရမည်ပင်။

“အရင်ကထက်ပိုပြီး ကိုယ်မင်းကို ဂရုစိုက်ပါ့မယ်”

လက်ဖဝါးလေးနှစ်ဖက်ကို နမ်းရှိုက်လာကာ ထွဋ်မြတ်က ပြော၏။

“ကျွန်တော်ယုံတယ်ဗျ”

သူ့အပြောကြောင့် နှုတ်ခမ်းတွေစေ့လျက် ပြုံးသည့်လူကြီး။

“ဖေဖေတို့ကို ဖုန်းဆက်‌ပြောလိုက်ပါဦး”

“ကိုယ်မေ့နေတာ၊ ထိုင်နေနော်၊ ကိုယ်ဖုန်းယူပြီး ပြန်လာမယ်”

အရယ်တဝက်နှင့်ထသွားသည့်လူကြီးကိုလိုက်ကြည့်ပြီး စန့်ငယ် မှာသွားတဲ့နေရာမှာပဲ ငြိမ်ငြိမ်လေးထိုင်နေမိသည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now